** **ကြည်ညိုတတ်ပါစေ ****
တစ်ခါက - မင်းကွန်း တိပိဋကဆရာတော်ဘုရားကြီး သီတင်းသုံးရာ ကျောင်းသို့
အထက်အရာရှိကြီးများ ရောက်ရှိနေပြီး ၊ ဆရာတော်အား ပူဇော်ကြည်ညိုလျှက် ဓမ္မသြဝါဒများ ခံယူနေကြပါသတဲ့ ။
အဲဒီအချိန်မှာ - -
ဆရာတော်ရဲ့ ကျောင်းခေါင်းရင်းမှာ
ကိုရင်ငယ်လေးများက ပြေးလွှားဆော့ကစားနေကြပါတာပေါ့။
ကလေးတွေဆိုတော့ အလိုက်ဘယ်သိမှာလဲ ။ အော်သူအော် ၊ ဟစ်သူဟစ် ၊ ဆူညံသံတွေက တရာတော်နှင့် လူကြီးများမားမှာ အတိုင်းသားကြားနေရပါသတဲ့ ။
ဒါပေမဲ့ ဆရာတော်က ဟန့်တားမှု ဟန့်တားစေမှု မပြုပဲ သူပြောစရာရှိတာကိုသာ ဆက်ပြောနေတာပါပဲ ။
အဲဒါနဲ့ မနေနိုင်တဲ့ အရာရှိကြီးတစ်ဦးက
ဆရာတော်ကို လျှောက်ထားပါတယ် ။
ဆရာတော်ဘုရား ကိုယ်ရင်လေးတွေ
သိပ်ဆော့ကြတာပါပဲလား ။
နေ့စဉ် ဒီအတိုင်းသာဆိုရင် ဆရာတော်အတွက် အနှောင့်အယှက်
မဖြစ်ဘူးလား ဘုရား တဲ့ ။
အဲဒီလိုလျှောက်တဲ့ အခါ
မင်းကွန်းဆရာတော်ဘုရားကြီးက
ပြန်ပြီး အမိန့်ရှိတာလေးက -
ဒကာကြီး ကလေးတွေက သူတို့အလုပ် သူတို့လုပ်ကြတာပါ တဲ့ ။
ကလေးဆိုတာ စားမယ် အိပ်မယ် ကစားမယ် ဆော့မယ် ပြီးရင် ရန်ဖြစ်မယ် ငိုကြမယ် ၊ ဒါ သူတို့အလုပ်ပဲ ။
ဒါတွေ မလုပ်ရဘူးဆိုပြီး ကန့်ကွက်ပိတ်ပင်လိုက်ရင် - ကိုရင်လေးတွေ လူထွက်ကုန်မှာပေါ့ ။
ကိုရင်မရှိရင် ရဟန်းဖြစ်လာနိုင်ပါ့မလား ။
ဒါဆို စာတတ်ရဟန်းတွေကော ဖြစ်ထွန်းလာနိုင်ပါ့မလား တဲ့ ။
သူ့အရွယ် သူ့အလုပ်နဲ့ ပျော်စေပြီး ၊
တဖြေးဖြေးခြင်း သိမ်းသွင်းသွန်သင်ပြီးမှ ဣနြေ္ဒကို ရင့်ကျက်စေရတာပေါ့ ဒကာကြီး တဲ့ ။
အဲသလို ဆရာတော်ကအမိန့်ရှိလိုက်မှ ကိုရင်လေးတွေအပေါ် ဒကာကြီးက
ကြည်ညိုတတ်သွားပါတယ် ။
( ယနေ့ မျက်မှောက်ခေတ်မှာ ရဟန်း -
သာမဏေ ဝတ်တာ အလွန့်အလွန်နည်းပါးလာပါပြီ ၊ ဒါကြောင့် သာမဏေလေးများဆော့ကစားနေတာကို အပြစ်မမြင်ပဲ ( ဪ ငါတို့ သူတို့လို မဝတ်နိုင်ဘူး ၊ သူတို့ကြောင့် ဗုဒ္ဓ၏ ဓမ္မကိုနာကြားရတယ် သံဃာကိုဖူးတွေ့ရတယ်လို့ နှလုံးသွင်း၍ ။ ကြည်ညိုတတ်ကြပါစေ )
မေတ္တာဖြင့်ကြိုးစားရေးသားလျှက်
( မောင်ပဉ္ဇင်း )