ဥတ္တရကုရုခေါ်သော မြောက်ကျွှန်း၌နေထိုင်ကြသည့် လူတိုပသည် အမြဲ နိစ္စ

ငါးပါးသီလကို လုံခြုံကြသည်။ ယင်း ငါးပါးသီလလုံခြုံသူတို့၏ ဓမ္မတာသိဒ္ဓိကြောင့် အောက်ပါဝိသေသန အကျိုးထူးများကို ခံစားကြရသည်။

၁။ အိုအိမ်တိုက်တာ (နေစရာအတွက်အထူးဆောက်နေဖွယ်မလို၊သစ်ပင်များကနေထိုင်မှုအတွက်ကိစ္စပြီးစေသည်.။

၂၊ မြောက်ကျွှန်းနေလူတို့မှာ ရှည်ခြင်းပုခြင်းစသော အပြစ်မျိုးကင်းသည်၊လုံးရပ်သဏ္ဍာန်နှင့်ပြည့်စုံ၍ ကိုယ်လုံးကိုယ်ဖန် အရပ်အမောင်းတူညီကြသည်။

၃။ ဇရာရောဂါ အနှိပ်အစက်မခံရ၍ ဆံပင်ဖြူခြင်းသွားကျိုးခြင်း အရေတွန့်ခြင်း အင်အားကုန်ခမ်းခြင်းမရှိပေ။

၎။ အသက်မွေးဝမ်းကျောင်းအတွက် အဟာရပရိယေသန ဒုက္ခကင်းသည်။

၅။ မှက်၊ခြင်၊ယင်၊ကြမ်းပိုးစသော သတ္တဝါကိုက်ခဲမှုမခံရ။

၆။ စားသောက်မှုအတွက် ဝယ်ရ၊သွားရ၊ချက်ရသော ဒုက္ခမျိုးကင်းသည်၊ အခွံမပါ ဖွဲကင်းသောသလေးဆန်ကို

အာဟာရအဖြစ်သုံးဆောင်ရသည်၊ ပကတိထင်းမီးဖြင့် ချက်မနေရ၊ ဇောတိကမည်သော

ရတနာကျောက်တုံးပေါ်တင်လိုက်လျှင် ချက်ပြီးဖြစ်၏၊ဟင်းနှင့်ဟင်းလျှာအတွက်

သီးခြားစီမံနေစရာမလို၊စားလိုသု၏ူက အချဉ်တမ်းတလျှင်အချဉ် အချိုတမ်းတလျှင်အချို အရသာပေါ်လာ၏။

၇။ အထက်ဖော်ပြပါ အဟာရကိုမှီဝဲသောကြောင့် နှုနာ၊ပွေး၊ညှင်း၊တင်းတိပ်နာ၊ချောင်းဆိုးပန်းနာ၊မြစ်ချောက်နာ၊အရှုးရောဂါနှင့်အိုနာများ ကင်းဝေသည်။

၈။ မြောက်ကျွှန်းနေလူအချင်းချင်း မနာလိုဝန်တိုစိတ်ကင်းရှင်းကြသည်။

၉။ ရာသီဥတုမျှတသည်။အပူလွန်ကဲမှု၊ အအေးလွန်ကဲမှု ရာသီဒဏ်မခံရ။

၁၀။ မြောက်ကျွှန်း၌ တန်ခိုးကြီးသော ဘုရားပစ္စေကဗုဒ္ဓါတို့ ဆွမ်းခံကြွမြဲ ဓမ္မတာဖြစ်၍ထူးခြားသည်။

၁၁။ မြောက်ကျွှန်း၌ ကုန်းသူ၊ကွသူ၊ ကောက်သူ၊ကွေးသူ၊ခွင်သူ၊

လေငန်းဆွဲသူ၊အင်္ဂါချို့တဲ့သူ၊ဣနြေ္ဒချို့တဲ့သူမရှိချေ။

၁၂။ အမျိုးသမီးများ ၆ပြစ်ကင်း၍ အရုပ်ဆိုးသူမရှိ၊၁၆နှစ်အရွယ်ထင်မှတ်ရသည်၊အမျိုးသားများ ၂၅ နှစ်အရွယ်မှာတည်သည်။

၁၃။ သားသမီးငယ်များက မိဘတို့ကိုနားပုနားဆာမလုပ်ကြ၊တွယ်ကပ်၍မနေကြ။

၁၄။ မြောက်ကျွှန်းနေလူတို့ ကာမကိစ္စ တစ်သက်လုံးမှာ (၇)ရက်သာခံစားကြသည်။

၁၅။ ကိုယ်ဝန်တည်ရခြင်းဒုက္ခ၊ လွယ်ရခြင်းဒုက္ခ၊ ဖွားရခြင်းဒုက္ခတို့မှလည်း ကင်းသည်။

၁၆။ မိဘတို့ကရင်သွေးငယ်အတွက် ကြောင့်ကြစိုက်နေစရာမလို၊ ကလေးများဆော့ကစားရာ အိပ်ပျှော်ရာမှာထား၍ လိုရာသွားနိုင်သည်။ တွေ့သူက အစားကျွှေးနို့တိုက်သည်။ ကလေးများကံကြောင့် လက်ညှိုးမှ နို့ထွက်သည်။

၁၇။ အဝတ်အတွက်ပူစရာမလို၊ ပဒေသာပင်မှရသည်။

၁၈။ ရေချိုးသည့်အခါ စုပေါင်းရေချိုးကြသည်၊အဝတ်ကိုစုပုံထားသည်၊ပထမရေချိုးပြီးသူက အပေါ်ဆုံးမှအဝတ်ကို ယူဝတ်သည်။ငါ့ဟာ သူ့ဟာ ငြင်းခုံမှုမရှိ။

၁၉။ သေသူအတွက် ကျန်ရစ်သူများ ပူဆွေးသောကမဖြစ်၊ မငိုကျွှေးပေ။

၂၀။ အပုပ်နံ့မရှိ၊ သုသာန်သင်္ချိုင်း ထားစရာမလို၊သေသူ၏ရုပ်ကလာပ်ကို အဝတ်ဖြင့်ထုပ်ပတ်၍ ချထားရသည်၊

ကုသိုလ်ကံ အဟုန်ကြောင့် ဖြစ်ပေါ်လာသော ငှက်ကြီးများက တခြားကျွှန်ူသို့ ယူဆောင်သွားကြသည်။

၂၁။သေပြီးနောက် နတ်ပြည်ရောက်သည်၊ ငရဲ၊တိရစ္ဆာန်၊ပြိတ္တာမဖြစ်ချေ။

၂၂။ အနှစ်တစ်ထောင် သက်တမ်းမြဲသည်။

(သာရတ္ထဒီပနီဋီကာမှ)