`မိမိကိုယ်ကို အားကိုးရာဖြစ်အောင် တရားတည်းဟူသော အားကိုးရာရှိအောင် ရဟန်းသည် `ကာယာနုပဿနာ ဘာဝနာကို ပွားများ၍သော်လည်း နေရ၏၊ ဝေဒနာနုပဿနာဘာဝနာ၊ စိတ္တာနု ပဿနာဘာဝနာ၊ ဓမ္မာနုပဿနာဘာဝနာကို ပွားများ၍သော်လည်း နေရ၏။ ဤသို့ပွားများ၍နေလိုလျှင် လိုချင်မှု့ `အဘိဇ္ဈာ`ကိုလည်း ကောင်း စိတ်ဆင်းရဲမှု့ `ဒေါမနဿ´ကိုလည်းကောင်း ပယ်ဖျောက် နိုင်၏။ ထိုသို့ပယ်ဖျောက်နိုင်လျှင် မိမိကိုယ်ကို မှီရာကျွန်းသဖွယ် ဖြစ်အောင်၊ တရားတည်းဟူသော အားကိုးရာရှိ အောင် နေရာ ရောက်သည်ဟု မိန့်တော်မူလိုသည်။` No man is an Island, entire of it self ; Every man is a piece of the Continent, a part of the main; အထက်ပါစကားရပ်ပါ Island ဟူသော စကားလုံးအရ ထောက်တည်ရာ ဟူသော အဓိပ္ပါယ်ကို မယူဘဲ တသီးတခြားဟူသော အဓိပ္ပါယ်ကို ယူထားသဖြင့် `မိမိကိုယ်ကိုကျွန်းသဖွယ်ဖြစ်အောင်ကျင့်` ဟူသော စကားနှင့် မည်သူမျှ ကျွန်းမဟုတ်ဘူး`ဟူသော စကားနှစ် ရပ်တို့ ဆန့်ကျင်ဘက်မဟုတ်ပါ။