ဤတရားတော်သည် မဇ္ဈိမနိကာယ်မှ ရဌပါလသုတ်၌ ပါရှိသော ဓမ္မုဒ္ဒေသ ၄ ပါးကို ရှင်း
လင်း ဟောကြားထားသည်။ ဗုဒ္ဓမြတ်စွာ၏ တရားဓမ္မသည် အစ၊ အလယ်၊ အဆုံး အမှန်အတိုင်း
ထုတ်ဖေါ်ဟောကြားအပ်သည့် (၁) “သွာက္ခာတ” ဂုဏ်နှင့် ပြည့်စုံပါသည်။
မှန်ကန်စွာ ဟောထားသည်ကို ဟောထားသည့်အတိုင်း လက်တွေ့ကျင့်သုံးခြင်းဖြင့် သိ
နိုင်သောကြောင့် (၂) “သန္ဒိဌိကော” ဟုဆို၏။
ကိုယ်တိုင် သိနိုင် မြင်နိုင်သည့်အတိုင်း သိမြင်သည်နှင့် တစ်ပြိုင်နက် ချက်ချင်း အကျိုး
ခံစားရသဖြင့် (၃) “အကာလိကော” ဟုဆို၏။
တကယ်လုပ် အဟုတ်ဖြစ်ခြင်းကြောင့် လာလှည့် ရှုလှည့်ဟူ၍ အစီရင်ကို ခံထိုက်သော
ဖိတ်ခေါ်တိုက်တွန်းထိုက်သော တရားမျိုးဖြစ်သည့်အတွက် (၄) “ဧဟိပဿိကော” ဟုဆိုသည်။
တစ်ကြိမ်တစ်ခါသာ လုပ်ရမှာမဟုတ်ဘဲ စွဲမြဲစွာ နှလုံးသားထဲ သိမ်းထား ထည့်ထား
ဆောင်ထားရမည့် တရားမျိုး ဖြစ်သည့်အတွက် (၅) “သြပနေယျိကော” ဟုဆို၏။
စိတ်ထဲ၊ နှလုံးထဲ ရောက်နေပြီဆိုလျှင် ကိုယ်စီ ကိုယ်စီ ဓမ္မရသ၊ ၀ိမုတ္တိရသ ခံစားရမှာ
သေချာပေသည်။ သို့အတွက် (၆) ပစ္စတ္တံ ဝေဒိတဗ္ဗော ၀ိညူဟိ” ဟု ဆို၏။
မြတ်ဗုဒ္ဓ ဒေသနာတော်သည် မှန်ကန်၏။ တိကျ၏၊ လေးနက်၏။ မြတ်ဗုဒ္ဓ၏ တရားကို
ဟောရာ ရေးရာ၌ မိမိ၏အတွေး အယူအဆများက ဒေသနာတော်မူရင်းကို မညစ်ထေးစေရန်
အထူးသတိပြု၍ ဟောကြားသင့်ပါသည်။
တရားချစ်ခင် ဓမ္မမိတ်ဆွေ အပေါင်းတို့ကလည်း ဓမ္မအသိဉာဏ်ဖြင့် တရားကို ကိုယ်တိုင်
သိရှိပြီး ဓမ္မရသ၊ ၀ိမုတ္တိရသ ခံစားနိုင်ကြကာ မြတ်နိဗ္ဗာန်ကို ရရောက်နိုင်ကြပါစေ ကုန်သတည်း။ ။
{၂၀၀၇ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်အတွင်းရှိ မင်္ဂလာစျေးဓမ္မာရုံ၌ အဂ္ဂမဟာ
ပဏ္ဍိတ ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ ဟောကြားတော်မူသော ဘဝအသွင်ကို ဓမ္မအမြင်ဖြင့်
ရှုကြည့်ခြင်း တရားတော်မှ ကောက်နုတ်ရေးသားပူဇော်ပါသည်။ }
(မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)

ဦးသိန်းဝေ။