(ဂျာမနီသူ)
ဗမာပြည်ကို လှည့်ကြည့်တဲ့အခါ
ဘုရားအဟောင်းတွေလည်း အများကြီးတွေ့တယ်။
အသစ်တွေလည်း တည်နေကြတယ်။
ဘုရားတွေ နောက်ထပ်တည်မယ့်အစား
စာသင်ကျောင်းမရှိတဲ့နေရာ စာသင်ကျောင်းဆောက်ဖို့
ဆရာတော်တို့ တရားဟောလို့မရဘူးလား။
(ပါချုပ်ဆရာတော်)
မရဘူး။
လူဆိုတာ သူကြိုက်တာသူလုပ်တာ။
တချို့က စာသင်ကျောင်းမှမဆောက်ချင်တာ။
ဘုရားပဲ တည်ချင်တာ။
သူ့ဆန္ဒသူ ဖြည့်ဆည်းတာ။
မင်းလည်း ခု ကမ္ဘာလှည့်နေတာမဟုတ်လား။
ကုန်ကျစရိတ် အများကြီးပဲ။
ဒီငွေတွေကို စာသင်ကျောင်းဆောက်လိုက်လို့ပြောရင်
ဘယ်လိုနေမလဲ။
လူဆိုတာ သူ့ဆန္ဒသူဖြည့်ဆည်းချင်ကြတာ။
ဘုန်းကြီးတို့ တရားဟောလို့မရတာတွေ ရှိတယ်။
(အင်္ဂလန်သူ)
ဟိုမှာလည်း ဘုရားတွေအများကြီးပဲ။
ဒီမှာလည်း အသစ်တည်နေပြန်ပြီ။
လိုလို့လား။
(ပါမောက္ခချုပ် ဆရာတော်)
မင်းအတွက်တော့ မလိုဘူး၊
သူ့အတွက် လိုလို့ သူလုပ်တာပေါ့။
ဘုရားတည်ချင်တဲ့လူက ဘုရားလေးတည်လိုက်ရမှ
သေပျော်သွားတာမျိုးရှိတယ်။
ကုသိုလ်ရပြီဆိုပြီး သူ့အတွက်သူ
လုံခြုံစိတ်ချသွားတယ်။
အဲ့ဒါကို မင်း ဘုရားမတည်နဲ့၊ စာသင်ကျောင်းဆောက်ပါဆို
သူ ဘယ်လုပ်မလဲ။
လူဆိုတာ သူ့ဆန္ဒသူဖြည့်ဆည်းချင်ကြတာ။
ဧဝရတ်တောင်ပေါ် တက်နေသူတွေလည်း အများကြီး။
အာဖရိကတောနက်ထဲ အပျော်ဓာတ်ပုံထွက်ရိုက်သူတွေလည်း
အများကြီး။
လောကမှာ ငွေတွေသုံးဖြုန်းနေကြတာပဲ။
ကိုယ်ကြိုက်တာကိုယ်လုပ်နေကြတာကို
ဘုန်းကြီးတို့က ဘယ်လိုလုပ် သွားတရားဟောမလဲ။
ပါမောက္ခချုပ်ဆရာတော်
သုတ္တန္တ အပိုင်း-၂၊ သဗ္ဗာသဝ သံဝရသုတ် သင်တန်း