ဝိပဿနာ အလွယ်ဆုံး ရှုမှတ်နည်း ပြမှာ ဆိုတော့ ...
ဘုရားဟောတဲ့ နည်းပဲရှိပါတယ်၊ ဝိပဿနာ ကို ဘယ်လိုလုပ်ပြီး လွယ်အောင်ရှုမှာလဲ၊ ဒါ ပိဋိကတ်( ၃ ) ပုံ နဲ ့အညီဟောထားတဲ့ တရားမဟုတ်ဘူး .. စသည်အားဖြင့် အချို ့ဓမ္မမိတ်ဆွေတို ့က စောဒက တက်ဖွယ်ရှိကြမှာပါ။
မဟာသတိပဌာနသုတ်မှာ
(၁) ကာယာနုပဿနာ (ရုပ်ကို ရှု့ခြင်း)
(၂) ဝေဒနာနုပဿနာ (ဝေဒနာကို ရှု့ခြင်း)
(၃) စိတ္တာနုပဿနာ (စိတ်ကို ရှု့ခြင်း)
(၄) ဓမ္မာနုပဿနာ (သညာ၊သင်္ခါရ)ကို ရှု့ခြင်း) ဆိုပြီး "သတိပဋ္ဌာန် " လေးပါး ရှိတဲ့အနက် အဲဒီလေးပါးထဲက "ကမ္မဌာန်း" တစ်ခုခု နဲ့ ပွားများအားထုတ်ရတယ် ဆိုပြီး ပြဋ္ဌာန်းထားတာ ရှိတဲ့ အလျောက်..
ဝိပဿနာ အားထုတ်ဖို ့မလွယ်ဘူး၊ ခက်တယ် ၊ ပါရမီရှိမှ ဖြစ်မယ်လို ့ပြောပြောနေကြတာတွေဟာ တစ်ကယ်တော့...
တရားအားမထုတ်ချင်လို ့ ဆင်ခြေပေးနေကြတာတွေပဲဖြစ်ပါတယ်။
တချို ့ကျပြန်တော့လည်း စာတတ်ပေတတ် ကျမ်းကြီပေါက်တွေလို ့ခေါ်ရမလောက် ဗုဒ္ဓစာပေတွေ ကို တတ်ကျွမ်းနေပေမယ့်၊ လက်တွေ ့ကျင့်ကြံအားထုတ်မှုကြတော့ တော်တော်လေးကို အားနည်းတဲ့ ဓမ္မမိတ်ဆွေတို ့လည်းရှိကြပါတယ်။
တရားပွဲတွေတော့ သွားပါရဲ ့၊ ဓမ္မကထိက ဆရာတော်တွေ ဟောကြားတဲ့ တရားကို လိုက်ကျင့်မယ်လို့ မခံယူကြပဲနဲ့၊ အသံမှာပဲ နားထောင်တာလောက် နဲ ့ပဲ လမ်းဆုံး သွားကြပါတယ်။ တရားကို သိစရာ မှတ်စရာလောက်ပဲမြင်ပြီး ကျင့်စရာ ဆောင်စရာအထိ မမြင်တတ်ကြပါဘူး။
အဲဒီလို ဗုဒ္ဓစာပေတွေ ကို တတ်ကျွမ်းနေပေမယ့်၊ လက်တွေ ့ကျင့်ကြံအားထုတ်မှု မရှိဘူးဆိုရင် ဆေးမကုတတ်တဲ့ ဆရာဝန် ၊ စာသင်ထားပြီး အကြောင်းကြောင်း ကြောင့် ဆေးမကုတဲ့ ဆရာဝန်တစ်ယောက်လိုပါဘဲဲ၊ မိမိအတွက်ရော ပတ်ဝန်းကျင်အတွက်ပါ ကောင်းကျိုးတစ်စုံတစ်ရာမှ မဖြစ်လာနိုင်တော့ပါဘူး။
ဒါကြောင့်...
ဘယ်လိုအကြောင်းကြောင့်ဖြစ်စေ..
တရားအားထုတ်ဖြစ်ဖို ့သာ အဓိက ကျပါတယ်။
ဓမ္မမိတ်ဆွေတို့ အနေနဲ ့...
ဝိပဿနာတရား စပြီးအားထုတ်တော့မယ် ဆိုရင် အရေးကြီးဆုံးလိုအပ်တာက ယုံကြည်မှုလို ့ခေါ်တဲ့ " သဒ္ဓါ" တရားပါပဲ။
တချို ့က...
" ကိုယ်တိုင်တွေ ့ပြီးမှ ယုံကြည်နိုင်မယ်၊ မတွေ ့ခင်တော့ မယုံကြည်နိုင်သေးဘူး" လို ့ဆိုပြီး အဲဒီလို ဆင်ခြေတွေ ပေးကြပြန်ပါတယ်။
တကယ်တော့..
မတွေ ့ခင်မှာပေါ့.."အသင့်ယုတ္တိ နဲ ့ ချင့်ချိန်ပြီး " ယုံကြည်ရတယ်ဆိုတာရှိပါတယ်။ မရောက်ဖူးတဲ့ အရပ်ကို ရထားနဲ့ပဲ ဖြစ်ဖြစ်၊ သင်္ဘော၊ လေယာဉ်ပျံ တို ့နဲ ့ဖြစ်ဖြစ် သွားတဲ့အခါမှာ အဲဒီ ရထား၊ သင်္ဘော၊ လေယာဉ်ပေါ် စီးပြီး လိုက်သွားရင် မိမိအလိုရှိရာ အရပ်ကို ရောက်မယ်ဆိုတာ သူများပြောတာတွေ နဲ ့ဖြစ်နိုင်လား၊ မဖြစ်နိုင်လားကို မှန်းဆပြီး ယုံကြည်ရတာမျိုးတွေလည်း ရှိပါတယ်။ အဲဒီလို ယုံကြည်မှုနဲ ့ဒီရထား၊ သင်္ဘော၊ လေယာဉ် ကို စီးနင်းလိုက်ပါသွားမှသာ မိမိအလိုရှိရာကို ရောက်မှာပါ။
အကယ်၍..
မရောက်ဘူးတဲ့အတွက် မယုံလို ့မစီးဘူးဆိုရင်တော့၊ မိမိ အလိုရှိတဲ့နေရာ၊ သွားချင်နေရာကို ရောက်မှာ မဟုတ်ပါဘူး။
အဲဒီလို...
" ကိုယ်တိုင်တွေ ့မှသာ ယုံကြည်မယ် ဆိုတဲ့ ပုဂ္ဂိုလ်တို ့ဟာ ကြားနားထားတာတွေ နဲ ့ချင့်ချိန်ပြီး ယုံကြည်မှုနဲ ့အားထုတ်ကြရပါတယ်။ အဲဒီလို အားထုတ်ပါမှ " အရိယာဝါသ" ဆိုတဲ့ သူတော်ကောင်းတို ့နေခြင်း နဲ ့ပြည့်စုံပြီး၊ နိဗ္ဗာန် ကိုလည်း သိမြင်ရပါတယ်၊ အရိယာဖြစ်ပြီဆိုရင် လောလောဆယ် အပါယ်လေးပါးဆိုတဲ့ ဘေးတွေကလည်း လွတ်မြောက်ရပါတယ်။
မယုံလို ့အားမထုတ်ပဲ နေရင်တော့ ဘာမှဖြစ်လာမှာလည်း မဟုတ်ပဲ၊ မလုံခြုံတဲ့ ပုထုဇဉ်အိမ်မှာချည်းပဲ နေနေတဲ့အတွက် အဲဒီပုထုဇဉ်နေအိမ်ရဲ့ယိုနေတဲ့ ကြမ်းပေါက်ကြောင့်ပဲ၊ အပါယ်ဘေး နဲ ့သာ မပြတ်တွေ ့ပြီး သံသရာဆက် ဒုက္ခရောက်သွားဖို ့ပဲ ရှိပါလိမ့်မယ်။
နောက်ပြီးတော့..
အထက်ကပြောတဲ့ ဥပမာထဲမှာ..
ခရီးသွားတဲ့ သူဟာ ရထားလမ်းဆုံး၊ သင်္ဘောလမ်းဆုံး၊ လေယာဉ်လမ်းဆုံး ဌာနရောက်တဲ့အခါကျတော့ ကိုယ်ရောက်ချင်တဲ့အရပ်၊ ကိုယ်ရောက်ချင်တဲ့နေရာ ဟုတ်လား၊ မဟုတ်ဘူးလားဆိုတာ စစ်ဆေးဆင်ခြင်ကြည့်ရပါတယ်။ အဲဒီလို ဆင်ခြင်ကြည့်တဲ့အခါမှာ ကိုယ်ရောက်ချင်တဲ့အရပ် ဟုတ်မှန်နေတယ်ဆိုရင်တော့ မိမိစီးနှင်လာခဲ့တဲ့ ယာဉ်ရထားခရီးစဉ်ဟာ လမ်းမှန်ပါပဲ၊ မူလက ညွှန်ကြားလိုက်တဲ့ စကားတွေဟာ အမှန်ပဲလို ့၊ အဲဒီလို ဧကန်ဆုံးဖြတ်ယုံကြည်ရတာမျိုးပါ။
သူတော်ကောင်းတို ့နေခြင်းဆိုတဲ့ " အရိယာဝါသ" တရားဟာလည်း ဒီအတိုင်းပါပဲ၊ တကယ်တမ်း အားထုတ်ကြည့်တဲ့အခါမှာ ဆရာတော်၊ သံဃာတော်တွေ ဟောပြောညွှန်ပြ ပြောခဲ့တဲ့အတိုင်း သမာဓိဉာဏ်တွေအထူးတွေ ဖြစ်ပေါ်နေတာကို ကိုယ်တိုင်တွေ ့ကြပါလိမ့်မယ်။ အဲဒီတော့မှ မိမိတို ့အလိုရှိတဲ့ တရားစစ်တရားမှန် ဟုတ်သလား၊ မဟုတ်ဘူးလားဆိုတာ စစ်ဆေးကြည့်နိုင်ကြမှာပါ။ အဲဒီလို စစ်ဆေးကြည့်တဲ့ အခါမှာ ဟုတ်မှန်ကြောင်း မျက်မှောက်တွေ ့ရပြီဆိုရင်တော့ " အဝေစ္စပဿဒ" လို ့ခေါ်တဲ့ မတုန်မလှုပ်သက်ဝင်ယုံကြည်တဲ့ သဒ္ဓါတရား နဲ ့ခိုင်ခိုင်မြဲမြဲကြီး ယုံကြည်သွားကြတာပဲ ဖြစ်ပါတယ်။
တချို ့ကျပြန်တော့လည်း..
အစပိုင်းတော့၊ ဒုက္ခတွေရောက်လာလို ့၊ ဝိပဿနာတရားကို သက်ဝင်ယုံကြည်လာပြီး ကျင့်ကြံလာကြပေမဲ့...
ဉာဏ်စဉ်လေးက အတော်လေးမြင့်လာတော့ လောဘ၊ဒေါသ၊ မောဟတွေ ခဏလေး ငြိမ်းနေတာကို ကိုယ့်ဖာသာကိုယ်အဟုတ်ကြီး ထင်ပြီး၊ မြတ်စွာဘုရားသွန်သင်ပြပေးတဲ့ ဝိပဿနာအားထုတ်နည်းတွေကိုလိုက်နာပြီး ကျင့်ကြံလို ့တော့ နေပါတယ်၊ ကျင့်ကြံအားထုတ်လို ့ရတယ် ဗုဒ္ဓဘာသာဝင် တစ်ယောက် အဖြစ် ခံယူစရာတောင်မလိုဘူး၊ ကျင့်ကြံအားထုတ်တာနဲ ့ရနိုင်လောက်တယ်လို ့မှားယွင်းတဲ့ မာနစွဲတွေ ဖြစ်လာတဲ့ သူတွေလည်းရှိကြပါတယ်။အဲဒီလို ဖြစ်တတ်တဲ့ ပုဂ္ဂိုလ်တွေကတော့ အများစုက နိုင်ငံခြားသားတွေသာ ဖြစ်ကြပြီး၊ ဗုဒ္ဓဘာသာကို အစပိုင်းမှာ သက်ဝင်ယုံကြည်လာကြလို ့ ၊ ကျင့်ကြံအားထုတ်နေကြရာက၊ အထက်ကပြောသလို ဉာဏ်စဉ်လေးက အတော်လေးမြင့်လာတော့ လောဘ၊ဒေါသ၊ မောဟတွေ ခဏလေး ငြိမ်းနေတာကို ငါ့လုပ်လို ့ ဖြစ်တာပဲ ဆိုတဲ့အတွေးနဲ ့မြတ်စွာဘုရားရဲ့ သွန်သင်ခဲ့တဲ့နည်းတွေကို ကိုယ့်ရဲ ့နည်းလိုလို စွဲမှတ်ထင်မိကြပါတယ်။
တကယ်တော့ အဲဒီပုဂ္ဂိုလ်တွေဟာ တရားအားထုတ်နေကြပေမယ့်လည်း၊ " တရား "ထူးရဖို ့အင်မတန်မှ ခက်ခဲလှပါတယ်။အဲဒီမှားယွင်းနေတဲ့ အစွဲကို မဖျောက်သ၍ "တရားထူး" မရနိုင်ပါဘူး။
အဲဒါကြောင့်
တရားအားထုတ်မဲ့ ယောဂီဟာ "ဥဇူစ၊ သုဟုဇူစ" ဆိုတဲ့.. ရိုးရှင်းဖြောင့်မတ်ရမယ်၊ အလွန်ကို ရိုးရှင်းဖြောင့်မတ်ဖို ့လိုပါတယ်။
"သဒ္ဓါ " ဆိုတဲ့ ယုံကြည်မှု၊ ရိုးသားဖြောင့်မတ်မှုတို ့အပြင်၊ အားထုတ်လိုတဲ့ ဆန္ဒ နဲ ့ လုံးလ ဝီရိယ လည်း လိုအပ်ပါတယ်။
တရားတော့ အားထုတ်ချင်ပါရဲ ့လုံးဝဝီရိယ မရှိဘူးဆိုတာက တကယ်ကို သဒ္ဓါတရားဖြစ်ပေါ်တဲ့ စိတ် အားနည်းနေသေးလို ့ပါ။
သဒ္ဓါ၊ ဝီရိယ ကို အသာထား၊ အကြောင်းအကျိုး မညီညွတ်ရင်၊ မြတ်စွာဘုရားနဲ ့မျက်မှောက်ရောက်ခဲ့တာတောင်မှ ဉာဏ်ထက်ပြီး တရားမရရှာတဲ့ ပုဂ္ဂိုလ်တွေရှိကြသေးတာပါပဲ။
တချိန်တုန်းက မြတ်စွာဘုရားရှင်ဟာ သံဃာတော် ပရိတ်သတ်တွေ နဲ ့သီတင်းသုံးပြီးနေတုန်း၊ "ကန္ဒရက" ဆိုတဲ့ ပရိဗိုဇ် နဲ ့" ပေဿ " ဆိုတဲ့ လူဝတ်ကြောင် ဒကာတစ်ယောက် ရောက်လာကြပါတယ်။ အဲဒီလိုရောက်လာတဲ့အခါမှာ ...
သာသနာပြင်ပက " ကန္ဒရက" ဆိုတဲ့ ပရိဗိုဇ် ရဟန်း က ပတ်ဝန်းကျင် တိတ်ဆိတ်ပြိမ်သက်မှု ကို လျှောက်ထားတာနဲ ့ပတ်သက်ပြီး ၊ မြတ်စွာဘုရား ဘယ်လို မိန် ့ကြားသလဲဆိုရင်...
" မြတ်စွာဘုရား၊ အဆုံးမတွေကြောင့် ဒီပတ်ဝန်းကျင်မှာရှိနေတဲ့ ပုဂ္ဂိုလ်တွေထဲမှာ တချို ့က ရဟန္တာ၊ တချို ့က သတိပဋ္ဌာန်ပွားများနေတဲ့ပုဂ္ဂိုလ်တွေ ဖြစ်ကြတယ်၊ ကမ္မဋ္ဌာန်းလက်လွတ်နေတဲ့ ပုဂ္ဂိုလ်ရယ်လို ့မရှိဘူး ..တဲ့။
ဒါကြောင့် တိတ်ဆိတ် ငြိမ်သက်၊ သိပ်ပြီးသိမ်မွေ ့နေတဲ့အကြောင်းကို အဲဒီလို အမိန် ့ရှိတဲ့အချိန်မှာ...
ပရိဗိုဇ် ရဟန်း နဲ ့အတူ ပါလာတဲ့ " ပေဿ " ဆိုတဲ့ လူဝတ်ကြောင်ဒကာ က ဘုရားရှင်ကို လျှောက်ပါတယ်...
" မြတ်စွာဘုရား၊ မြတ်စွာဘုရားဟာ လူတွေကို ဖြောင့်မတ်အောင် ဆုံးမ လမ်းပြတာ အင်မတန်ကောင်းပါတယ်။
တိရစ္ဆာန်တွေဟာ မကောက်ကျစ်ဘူး၊ ဖြောင့်မတ်တယ်။ တိရစ္ဆာန်တွေဟာ သူတို ့လုပ်နေကြတာကို လုပ်တာပဲ၊ ကျင့်ကြီးစွန် ့ချင်ရင် စွန် ့ချလိုက်တာပဲ၊ ကျင်ငယ်စွန် ့ချင်လည်း စွန့်ချလိုက်တာပဲ၊ ဘာတွေညာတွေ သူတို ့မစဉ်းစားဘူး၊ ပြီးတော့ အရှင်သခင်တွေကို လိမ်ညာပြီး၊ ငါဘယ်လိုလုပ်မယ်ဆိုပြီး ကောက်ကျစ်တဲ့ဉာဏ်မရှိပါဘူး။
လူတွေကျတော့...
ကောက်ကျစ်ကြတယ်၊ ရှေ ့မှာတော့ တစ်မျိုး၊ မျက်ကွယ်ရာမှာ တစ်မျိုး နဲ ့အကျိုးမဲ့တာတွေ လုပ်တတ်ကြပါတယ်။ အဲဒီလိုသဘောရှိနေတဲ့ လူတွေရဲ ့စိတ်ဓာတ်တွေကို ဖြောင့်မတ်လာအောင် အရှင်ဘုရားပြုပြင်ထားတာ သိပ်ကောင်းတာပဲဘုရား ၊ တပည့်တော်လည်း လူဝတ်ကြောင်ဖြစ်ပေမယ့်လို ့ ရံဖန်ရံခါ ပွားများနေပါတယ်ဘုရား.. လို ့၊ ချီးကျူးလျှောက်ထားပါတယ်။
အဲဒီလို " ပေဿ " ကလျှောက်ထားတော့..
မြတ်စွာဘုရားက ပုဂ္ဂိုလ်လေးမျိုးအကြောင်း ကို ဟောတော်မူပါတယ်။ ဒီနောက် အဲဒီ ပုဂ္ဂိုလ်လေးမျိုးအကြောင်း ကို အကျယ်ဟောကြားဖို ့ အစပဲ ရှိပါသေးတယ်..
အဲဒီ " ပေဿ " က ဘာပြောသလဲ ဆိုတော့..
" အရှင်ဘုရား..တပည့်တော်မှာ ကိစ္စတွေများတယ်ဘုရား၊ သွားဖို ့အတွက် ခွင့်ပြုပါအုံး " လို ့ မြတ်စွာဘုရားကို လျှောက်ပါတယ်။
မြတ်စွာဘုရားက..
" ပေဿ " ခဏနေပါအုံး၊ ငါဟောတဲ့ တရားကို နာသွားပါအုံး" ဆိုပေမယ့်..
" ပေဿ " ဟာ နေနိုင်မှာလည်း မဟုတ်ဘူး၊ အားနာလို ့နေပြန်ရင်လည်း စိတ်မပါ့တပါ နဲ့ တရားနာနေပြန်ရင်လည်း သူ ့မှာ ဘာအကျိုးမှ ရှိမှာမဟုတ်ပါဘူး။
ဒါ့ကြောင့် မြတ်စွာဘုရားကလည်း ဆက်ပြီး တားမနေတော့ဘဲ၊ သင့်သဘောအတိုင်းပဲ ဆိုပြီး ခွင့်ပြုလိုက်ရပါတယ်။
" ပေဿ" ပြန်သွားတော့၊ မြတ်စွာဘုရားက...
" ချစ်သားတို ့.."ပေဿ" ဟာ ပညာရှိတစ်ယောက်ဖြစ်တယ်၊ အကယ်၍ အခုဟောမဲ ့ဒေသနာတော် ကို ဆုံးအောင် ကြားနာလိုက်ရင် သူဟာ..
သောတပတ္တိမဂ်ဖိုလ်ရမယ်၊ သောတာပန် ဖြစ်မယ်၊ အကျိုးများသွားမယ် လို ့မိန် ့တော်မူပါတယ်။
အဲဒါကို အကြောင်းပြုပြီးတော့..
အဋ္ဌကထာမှာ ဖွင့်ပြထားပုံကတော့
မြတ်စွာဘုရား ရှေ ့မျက်မှောက်ရောက်ခဲ့တာတောင်မှ တရားရထိုက်တဲ့ ပုဂ္ဂိုလ် ဖြစ်ပေမယ့်၊ တရားမရဘဲ ဖြစ်နိုင်တယ် ဆိုတဲ့ အကြောင်းကို ခုလို ဖွင့်ဆိုထားပါတယ်။
မဂ်ဖိုလ် မရခြင်းဆိုတဲ့ အကြောင်းက..
"ကိရိယ-ပရိဟာနိ" နဲ ့ "ပါပမိတ္တ" ဆိုတဲ့ အကြောင်း နှစ်ခုရှိပါတယ်။
ဟောပြောတဲ့ ပုဂ္ဂိုလ်က ပြုသင့်ပြုထိုက်တာကို ပြည့်စုံအောင်လို ့မပြုတာရယ်၊ နာယူတဲ့ပုဂ္ဂိုလ်ကလည်း ပြုသင့် ပြုထိုက်တာကို ပြည့်စုံအောင် မပြုလုပ်တာရယ်.. ပဲ ဖြစ်ပါတယ်။
ဥပမာ..
ဟောတဲ့ပုဂ္ဂိုလ်က မဂ်ဖိုလ်နိဗ္ဗာန်ရောက်နိုင်လောက်တဲ့ တရားကို ပြည့်ပြည့်စုံစုံ မဟောဘူးဆိုလို ့ရှိရင်၊ ဟောတဲ့ဆရာရဲ ့ဖက်က လိုအပ်နေတာ..တဲ့။
ဟောတဲ့ဆရာ၊ သင်ပြတဲ့ဆရာတွေက ပြည့်ပြည့်စုံစုံ နဲ ့မဟောကြားတတ်ဘူး၊ မသင်ပြတတ်ဘူးဆိုရင် တပည့်ဖြစ်သူတွေကနည်းမှန်လမ်းမှန်နဲ ့ကျင့်ကြံအားထုတ်ဖို ့မလွယ် တဲ့အပြင်၊ မဂ်ဖိုလ်နိဗ္ဗာန်ရောက်ဖို ့ခက်ခဲလှပါတယ်။ ဒါ့ကြောင့်မို ့ ဟောတဲ့ဆရာ၊ သင်ပြတဲ့ ဆရာရဲ ့ပြည့်စုံမှုမရှိတဲ့ လိုအပ်ချက်ကြောင့် တရားမရနိုင်ပါဘူး...တဲ့။
တရားနာကြားကြတဲ့ ပုဂ္ဂိုလ်တွေ ဖက်က ကြည့်ပြန်တော့လည်း၊ တရားကို ဆုံးအောင် နာယူခြင်းမရှိဘူး၊ တရားနာပြီးလို ့၊ ကျင့်ပါဆိုရင်လည်း မကျင့်ကြဘူး၊ တရားနာဘူး၊ လေ့လာဖတ်ရှုဖူးလို ့၊ ရရှိထားတဲ့ အသိဉာဏ်လောက်နဲ့သာ ကျေနပ်နေကြပြီး၊ တကယ်တန်းကျတော့ တရားကို ကျင့်ကြံအားမထုတ်ကြပါဘူး။ အဲဒီလို ပြည့်စုံအောင် ကျင့်ကြံအားထုတ်မှု မပြုတဲ့အတွက် ရသင့်ရထိုက်တဲ့ တရားကို မရဘဲ ဖြစ်ကြရပါတယ်။
အထက်ကဖေါ်ပြခဲ့တဲ့ "ပေဿ"ဟာ မြတ်စွာဘုရားရဲ ့မျက်မှောက်မှာပဲ၊ တရားကို ဆုံးအောင်မနာလို ့၊ တရားကို ဆုံးအောင်နာပြီး နှလုံးသွင်းလိုက်ရင် သောတာပန်အရိယာဖြစ်သွားနိုင်ပါလျက်နဲ ့အဲဒီအကျိုးကို မရရှိဘဲ ဖြစ်သွားရရှာပါတယ်။
ဒါ့ကြောင့် အကြောင်းအကျိုး မညီညွတ်ရင်၊ မြတ်စွာဘုရားနဲ ့မျက်မှောက်ရောက်ခဲ့ပေမယ့်လည်း တရားထူးမရနိုင်ဘူးလို ့ဆိုလိုတာပဲ ဖြစ်ပါတယ်။
ဒါကြောင့်မို ့..
တရားအားထုတ်မဲ့ ယောဂီဟာ..
"သဒ္ဓါ " ဆိုတဲ့ ယုံကြည်မှု၊ ရိုးသားဖြောင့်မတ်မှု ၊ အားထုတ်လိုတဲ့ ဆန္ဒ နဲ ့ လုံးလ ဝီရိယ လည်း လိုအပ်ပါတယ်။
ဝိပဿနာအားထုတ်တာနဲ ့ပတ်သက်ပြီး " ဝေဘူဆရာတော်ဘုရားကြီး" ဟောကြားထားတဲ့ တရားတော်တွေထဲက ဝိပဿနာအတွက် ကောင်နှုတ်ချက်ကို ဖေါ်ပြရရင်..
ဝိပဿနာတရားဆိုတာ တကယ် ထင်ရှားရှိတဲတရားကို မြင်အောင်ရှုရတာပဲဖြစ်ပါတယ်။ တကယ်ရှိတဲ့အမှန်တရားဟာ သာမာန်ပကတိ မျက်စိနဲ ့မမြင်နိုင်ပါဘူး၊ မျက်စိမှိတ်ပြီး ဉာဏ်နဲ ့ကြည့်မှသာ မြင်နိုင်တာမို ့၊ အဲဒီ ထင်ရှားရှိတဲ့ တရားကို မြင်အောင်မရှုနိုင်ဘူးဆိုရင်"ဝိပဿနာ" မဖြစ်ပါဘူး။
တကယ်တော့..
ထင်ရှားရှိတဲ့ တရားဆိုတာ တခြားမှာသွားပြီး ရှုမှရတာမျိုးမဟုတ်ပါဘူး၊ မိမိကိုယ်" ခန္ဓာ" မှာရှိတဲ့ တရားသာပဲ ဖြစ်ပါတယ်။ ကိုယ်မှာရှိ တဲ့ တရား၊ ခန္ဓာ မှာ ရှိတဲ့ တရား ဆိုတာ "ထွက်သက်၊ဝင်သက်" ဖြစ်တဲ့ " အာနာပါန" ကမ္မဋ္ဌာန်းပါပဲ။
ပြန်သုံးသတ်ကြည့်လိုက်ရင်..
ဒီ "ထွက်သက်၊ ဝင်သက်" ဆိုတာ အမိဝမ်းက နေ စပြီးမွေးဖွားလာကတည်းက၊ သေဆုံးတဲ့ အချိန်ထိ၊ စက္ကန့်မလတ် အမြဲမပြတ် တရစပ်ရှိနေတဲ့ အမှန်တရားသဘောပဲ ဖြစ်ပါတယ်။ ဒီ နှာခေါင်းကနေ လေရှုသွင်းလိုက်၊ ရှုထုတ်လိုက် လုပ်နေတဲ့၊ "ထွက်သက်ဝင်သက်" ဟာ အလုပ်လုပ်နေရင်း၊ စကားပြောနေရင်း၊ စားနေရင်း၊ စာကျက်နေရင်း၊ စဉ်းစားနေရင်း၊ အိပ်ပျော်နေရင်းလည်းရှိတာပဲ ဖြစ်ပါတယ်။
အဲဒီလို "ထွက်သက်၊ ဝင်သက်" ဟာ အမြဲမပြတ်ရှိနေတာတောင်၊ မိမိတို ့ဓမ္မမိတ်ဆွေ တို ့ဟာ အမှတ်တမဲ့၊ အမှုမဲ ့နေကြတဲ့ အတွက်ကြောင့် "သတိမမူ၊ ဂူမမြင် " ဆိုသလို၊ သတိမူရင်" မြူကိုတောင်မြင်ရတယ်" ဆိုတဲ့အတိုင်း ၊ သတိနဲ ့ဂရုစိုက်ပြီး ဉာဏ် နဲ ့ကြည့်မှသာ ရှိမှန်းသိကြ၊ မျက်ဝါးထင်ထင် မြင်ကြမှာဖြစ်ပါတယ်။
သတိထားပြီး ကြည့်တဲ့ အခါမှာ
ဝိပဿနာဉာဏ် ဖြစ်ဖို့အတွက် ...
နှာခေါင်းက ထွက်လာတဲ့ "ထွက်သက်လေ" နဲ ့ နှာခေါင်းထဲ ဝင်သွားတဲ့ "ဝင်သက်လေ" ထိရာ..နှာသီးဖျားမှာ "ရိပ်..ရိပ်..ရိပ်ရိပ် နဲ ့ထိထိ သွားတာကို "သိအောင်"သတိထား ကြည့်ရပါမယ်။
ထိတယ် ဆိုတာ " သိ " လိုက်ကတည်းက .. "ပရမတ်သဘော" ပဲ ဖြစ်ပါတယ်။ တကယ်ထိသွားတာ အမှန်ပါပဲ။ သူများပြောလို ့သိတာမဟုတ်ပါ။
အဲဒီလို ထိတာကို သိတယ်ဆိုတာကနာမ်သဘော ပဲ ဖြစ်ပါတယ်။
တရိပ်ရိပ်၊ တရိပ်ရိပ် နဲ ့ထိတိုင်း၊ ပျောက်တိုင်း၊ ဒီ ရုပ်နာမ်နှစ်ပါး ဖြစ်မှုပျက်မှုတွေ
ဖြစ်၍ပျက်၍နေခြင်းဖြစ်ပါတယ်။ တရိပ်ရိပ် နဲ ့နှာသီးဖျားမှာ ထိလိုက်ပျောက်လိုက် ဖြစ်နေတာတွေကိုသာ တစ်ဆက်တည်းမြင်အောင်ကြည့်နေရင် ကြာလာတော့ ၊ "ဝိပဿနာသမာဓိ" တစ်စထက် တစ်စ၊ တစ်ခဏထက် တစ်ခဏ တိုးတက်ပြီး အားကြီးလာပါလိမ့်မယ်။ အဲဒီလို ဖြစ်လာတဲ့ အခါမှာ နှာသီးဖြား မှာတင်မကဘဲ၊ ခန္ဓာကိုယ်မှာလည်း အလိုလိုတရိပ်ရိပ် တရွရွ ဖြစ်ဖြစ်လာတာတွေကိုလည်း တွေ့ရတက်ပါတယ်။အဲဒီအချိန်မှာ တွေ ့ချင်တဲ့နေရာကို စိတ် နဲ ့စိုက်ပြီး ရှုလိုက်မယ် ဆိုရင်လည်း တရိပ်ရိပ် တရွရွ နဲ ့ပင်တွေ့နေရတက်ပါတယ်။ အဲဒီလို တစ်ကိုယ်လုံးမှာ တရိပ်ရိပ် တရွရွ အဆက်မပြတ် ဖြစ်လိုက်၊ပျက်လိုက် ဖြစ်ပျက်နေတာတွေသာ တွေ ့နေပြီး...
ရုပ်နာမ်" နှစ်ပါး "သာ ရှိပါလား ဆိုတာ သိသိသွားပါတော့တယ်။
ကိုယ်တိုင်သိပြီး တွေ ့သွားတဲ့သဘောပါ။
အဲဒါ လက်တွေ ့အမြင်လို ့ခေါ်ပါတယ်။
နောက်ဆုံးမှာ ဒါပဲ..ရှိပါလား ဆိုတဲ့..
ဒီရုပ်နာမ်တွေကလည်း ရှုလိုက်တိုင်း၊ ရှုလိုက်တိုင်း ပျောက်ပျောက်သွားတယ်။
" နေပါအုံး" လို ့ဆိုပြီး ဆိုင်းထားလို ့လည်းမရ၊
ဒါဆိုရင်..မပေါ်ပါ နဲ ့ဆိုပြီးလည်း တားလို ့မရ၊
သူဖာသာသူ ပေါ်လိုက်ပျောက်လိုက်၊
ရှုလိုက်တိုင်း ရှုလိုက်တိုင်း ...အသစ်သစ်တွေဖြစ်ပြီး၊ ချက်ချင်း ပျက်ပျက်သွားတာကိုပဲ တွေ ့နေရတယ်.... ။
အော်..ဘာ..ရှုရှု ဒီအတိုင်းပါပဲလား၊ ဒါတွေချည်းပါလား။
ငြီးငွေ ့လာတယ်။
စွန် ့လွှတ်ချင်လာတယ်။
စွန် ့လွှတ်ဖို ့လမ်းစ ရှာကြည့်တယ်။ဒီတော့..
ဘယ်လိုစွန် ့လွှတ်ရမလဲ လို ့ ဆက်ရှုတယ်...။
ဆက်ရှုရင်း လွတ်မြောက်တဲ့ လမ်းကို ရှာတယ်၊ ရုပ်နာမ်တွေ မရှိမှ အေးငြိမ်းမှာပဲလို ့ သဘောပေါက်လာတယ်။
နောက်ဆုံး...
ယောဂီဟာ...ရှုမှတ်နဲ့ အာရုံ နှစ်ခုလေးသာ ကျန်ရပါလိမ့်မယ်။ အဲဒီ ရှုမှတ်နဲ့ အာရုံ နှစ်ခုထဲ ကျန်တဲ့ အထိကျိုးစားအားထုတ်ရပါလိမ့်မယ်။
အများအားဖြင့်တော့ တရားစခန်းတွေမှာ တရားအားထုတ်နေကြတဲ့ယောဂီတွေ အနေနဲ့ အများနဲ ့စုပေါင်းပြီး တရားအားထုတ်ရတာဆိုတော့ သာမန်အားဖြင့် ဝင်လေထွက်လေ ဖြစ်တဲ့ အာနာပါနကမ္မဋ္ဌာန်း ကို ရှုကြရတာများပါတယ်။ တကယ်တော့ တရားအားထုတ်တယ်ဆိုတာကလည်း ကိုယ်နဲ ့အဆင်ပြေမယ့်၊ သင့်တော်မယ့် ကမ္မဋ္ဌာန်းဖြစ်ဖို ့ကအရေးကြီးပါတယ်။ ဒါကြောင့် ကမ္မဋ္ဌာန်းပြဆရာတော်တွေဟောကြားကြတဲ့၊ ရေးသားကြတဲ့ ရှုပုံရှုနည်းတွေ ပေါ်ထွက်လာရတာပဲဖြစ်ပါတယ်။
ခုပြောသလို...
တချို ့ယောဂီတွေအနေနဲ ့ကမ္မဋ္ဌာန်း အားထုတ်တဲ့အခါ၊ အာနာပါန လို ့ခေါ်တဲ့ ထွက်လေ၊ဝင်လေ ကို ရှုရတာ အဆင်မပြေတာတွေရှိပါတယ်။ တချို ့က ရှုရှိုက်တာကို ပြင်းပြင်းရှုရမှ ပိုထင်ရှားတယ်၊ မှတ်လို ့လွယ်တယ်ပေါ့၊ ဒါကို မှားနေတယ်၊ ဘုရားဟောနဲ ့မကိုက်ဘူး၊ ပိဋ္ဋိကတ်( ၃ ) ပုံ နဲ ့မညီဘူး ဆိုပြီး အပြစ်မြင်လို ့မရပါဘူူး။
အဲဒီလို အာနာပါန ( လေဝင်၊လေထွက် ) ရှုရတာ အဆင်မပြေတဲ့ ဓမ္မမိတ်ဆွေ တို ့အတွက်၊ ကာယနုပဿနာ (ရုပ်ကို ရှု့ခြင်း) တစ်မျိုးဖြစ်တဲ့ မဟာစည်ဆရာတော်ဘုရားကြီး ဟောကြားတဲ့ ဝိပဿနာရှုပုံအကျဉ်း ဟောထားတဲ့ အကြောင်းကို ဖေါ်ပြကုသိုလ်ပြုပါအုံးမယ်။
( ပါဠိ တွေ နားမလည်လည်း၊ ပါဠိတွေကို ကျော်ဖတ်သွားလို ့ရပါတယ် )
" ယထာပါကဋံ ဝိပဿနာဘိနိ ဝသော " တဲ့၊
"ဝိပဿနာဘိနိ ဝသော "- ဝိပဿနာကို စပြီး နှလုံးသွင်းခြင်း၊ အားထုတ်ခြင်းဟာ...
" ယထာပါကဋံ "- ထင်ရှားတဲ့ တရားစဉ် အတိုင်း ၊ ဟောတိ ဖြစ်၏..တဲ့။
" ဝိသုဒ္ဓိမဂ် မဟာဋီကာ " မှာ ပြဋ္ဌာန်း ထားတာ ဖြစ်ပါတယ်။

ဝိပဿနာ ရှုမယ်ဆိုရင် လွယ်ရာ ထင်ရှားရာ က စပြီးရှုပါ..တဲ့။ မထင်ရှားတဲ့ တရားတွေ ခက်တာတွေက စပြီး မရှုပါနဲ ့...တဲ့။
ခုမှစပြီး တရားအားထုတ်တဲ့ ယောဂီဟာ နဂိုက စာလေးကဖတ်ထားတော့ ...
ဪ.. ဝိပဿနာဆိုတာ ပညတ် ကို မရှုရဘူး၊ ပရမတ် ကို ရှုမှ ဝိပဿာ ဆိုတဲ့ အသိလေးက ရှိထားတဲ့ အတွက်ကြောင့်၊ အဲဒီ ယောဂီဟာ မမြင်ရသေးတဲ့ ပရမတ် ကို မြင်အောင် ရှုကြပါပေတယ်။ ပရမတ်အကြောင်းဖတ်ထားတော့ မမြင်ရဘဲနဲ ့ရှုနေတာဟာ၊ တကယ်တော့ စာအသိပဲ ဖြစ်ပါတယ်၊ တကယ်မြင်ပြီး တကယ်တွေ ့တဲ့ အသိမဟုတ်ပါဘူး။ ပညတ်ပဲ ဖြစ်ဖြစ် လောလောဆယ်မှာ မြင်ရတဲ့၊ ထင်ရှားတဲ့ အာရုံတွေ ကို သာရှုရမှာဖြစ်ပါတယ်။ အဲဒီလို ရှုမှတ်ရင်း နဲ့ ပရမတ်က ထင်ရှားလာမှာ ဖြစ်ပါတယ်။
ကျောင်းနေခါစ၊ စာသင်သလိုပါပဲ၊ အလွယ်ဆုံးက စပြီး မသင်ဘဲ၊ ပါဠိ ကစပြီး သင်လို ့မတတ်ပါဘူး။ တရားအားထုတ်တဲ့ ပုဂ္ဂိုလ်တွေကလည်း အလွယ်ဆုံးက စပြီး အားထုတ်ရပါတယ်။ မြတ်စွာဘုရားကလည်း အလွယ်ကလေးတွေ ဟောပြထားပြီးသားပါ။
" ဂစ္ဆန္တေဝါ " သွားသည်ရှိသော်လည်း၊ " ဂစ္ဆမီတိ " သွားသည်ဟူ၍၊ " ပဇာနာတိ" သိ၏..တဲ့။
အဓိပ္ပါယ်ကတော့..
သွားရင် သွားတယ်လို ့သိရမယ်..တဲ့။
သွားရင်သွားတယ်လို ့သိရမယ် ဆိုတာ.. ဘာမှ မခက်ပါဘူး။
မခက်ဘူး ဆိုတော့.. ဒါကိုတချို ့က တရားမဟုတ်ဘူး၊ စာအသိလေး နဲ ့ အဲဒါ တရားမဖြစ်ဘူးလို ့ ထင်နေကြတယ်။ အဲဒီလို ဘုရားဟောသွားတာရှိပေလို ့ပဲ၊ ဘုရားဟော မဟုတ်လို ့ရှိရင် ဒီဟာကို အကုန်လုံးတောင် ပယ်ပြစ်လိုက်အုံးမယ်။ မြတ်စွာဘုရားဟောခဲ့တာတောင်မှ " ဒီလိုက မဟုတ်သေးဘူး၊ ဟိုလိုက မဟုတ်သေးဘူး " ဆိုပြီး အညွှန့်တက်ချင်ကြသေးတယ်။
ဘာနဲ ့တူနေသလဲဆိုရင်...
နငယ် ကို အမြီးဆွဲ တဲ့ အယ်ဒီတာ နဲ ့တူနေပါတယ်။ စာအုပ်တိုက်မှာ အယ်ဒီတာက စာစစ်ရတာကိုး၊ အယ်ဒီတာက အမြဲတမ်းတည်းဖြတ်ပြီး ပြင်ရတဲ့ အတွက်၊ ပြင်စရာမရှိဘဲ ဖြစ်နေတဲ့ စာကို ပြင်ချင်တော့၊ နငယ် ကို အမြီးလေး တိုနေတယ် ဆိုပြီး ပြင်လိုက်သလိုပါပဲ.. တဲ့။
" ဂစ္ဆန္တော ဝါ " သွားသည်ရှိသော် ဆိုရာမှာ သွားတာကို သွားတယ်လို ့ရှုရင်..
ခြေထောက်ကားယား၊ ကိုယ်ကားယား တွေ ဖြစ်နေမှာပေါ့၊ ဒါ ပညတ်တွေပဲ၊ ပရမတ် မှ မဟုတ်သေးဘူး ဆိုပြီး ပြင်ကြသေးတယ်။
ဘုရားဟောထားတာပဲ၊ ပြင်စရာမလိုပါဘူး၊ ပရမတ် ရုပ်နာမ်တွေ ကို တွေးဆပြီး ရှုသင့်ရင်တော့.. မြတ်စွာဘုရားက တမျိုး ပြင်ပြီးဟောမှာပေါ့၊
ဒါကြောင့် မြတ်စွာဘုရားဟောကြားခဲ့တဲ့ သတိပဋ္ဌာန်သုတ်မှာ..
" ဂစ္ဆန္တေဝါ " သွားသည်ရှိသော်လည်း၊ " ဂစ္ဆမီတိ " သွားသည်ဟူ၍၊ " ပဇာနာတိ" သိ၏...လို ့ ဟောခဲ့ပါတယ်။
" လယ်တီဆရာတော်ဘုရားကြီး" ရဲ ့ ့အနတ္တဒီပနီကျမ်းမှာ..
"သွားခြင်း ဣရိယာပုတ် ၌ ခြေလှမ်းတိုင်း၊ ခြေလှမ်းတိုင်း ငါသွား၏ ငါသွား၏ ဟု ခြေ၌တည်သောစိတ်ကို ဖြစ်စေ၍ သွားရမည်၊ အမှတ်တမဲ့ နဲ ့တောင်မှ သတိမထားဘဲ ခြေတလှမ်းမျှ မလှမ်းမိစေနဲ ့" စသည်ဖြင့်လည်း ညွှန်ပြထားပါတယ်။
အဲဒီနေရာမှာ..
ငါသွား၏ ငါသွား၏ လို ့ရှုပုံပြတာဟာ အထက်က ပြောခဲ့တဲ့အတိုင်း " ဂစ္ဆမိတိ " ဆိုတဲ့ ပါဠိတော်အတိုင်း အတိအကျ ပြတာပါပဲ။ ဘာမှ ဉာဏ်ကွန် ့ပြီးတော့ထွင်တာမဟုတ်ပါဘူး။
ငါသွား၏ ငါသွား၏ လို ့ အဲဒီလို မှတ်နေပေမယ့်၊ သမာဓိရင့်လာတော့ ၊ သွားတယ်ဆိုတာဟာ သွားချင်တဲ့စိတ်ကြောင့် လှုပ်ရှားမှုတွေ ဖြစ်ပျက်နေတာပဲ လို ့ဒီလို အမှန်တိုင်း သိမြင်လာနိုင်ပါတယ်။
လိုရင်းကတော့...,
" သွားတာလေးကို သိနေရုံပါပဲ "
အဲဒါ အလွယ်ဆုံးပါပဲ၊
ထိုင်နေတဲ့ အခါကျတောလည်း ထိုင်တယ်၊ ထိုင်တယ် လို ့မှတ်နိုင်ပါတယ်၊ ဒါပေမယ့် အဲဒီလို ထိုင်တယ် ဆိုတာချည်း တစ်မျိုးထဲ မှတ်နေရတော့ တချို ့ စိတ်မဝင်စားတာတွေလည်းရှိတတ်ပါတယ်။ အဲဒါကြောင့် မဟာစည်ဆရာတော်ဘုရားကြီးက ရှုမှတ်နည်းတစ်ခုဖြစ်တဲ့ ဝမ်းဗိုက်က ဖောင်းလိုက်၊ ပိန်လိုက် လှုပ်ရှားနေတဲ့ ရုပ်ကိုရှုတဲ့ ကာယနုပဿနာအဖြစ် ဝမ်းဗိုက် ဖောင်းခိုက် ပိန်ခိုက်မှာ " ဖောင်းတယ်၊ ပိန်တယ် " ဆိုတဲ့ မှတ်ပြီး၊ ဝိပဿနာအားထုတ်ဖို ့ဟောကြားပါတယ်။
တချို ့ဓမ္မမိတ်ဆွေ တွေ နဲ ့ခုမှ စပြီး ဝိပဿနာအားထုတ်ကြတဲ့ သူတွေ ကတော့ " ဖောင်းတယ်၊ ပိန်တယ် " မှတ်နေရုံ နဲ ့ဝိပဿနာဉာဏ်ဖြစ်တယ်ဆိုတာ ဟုတ်ပါ့မလား ဆိုပြီး ယုံမှားတွေးတော မိတတ်ကြပြန်ပါတယ်။ အဲဒီလို ဒွိဟဖြစ်နေတဲ့ အတွေး နဲ ့လွတ်နေတဲ့စိတ်တွေဟာ သတိ အစောင့်ရှောက် မရှိတော့ပဲ၊ ဝိပဿနာဉာဏ် ကင်းမဲ့စေပါတယ်။
ဒီတော့ ဘယ်လို ဖြစ်နေတတ်သလဲဆိုတော့..
ကုန်သည်တစ်ယောက်ဟာ အနောက်ရန်သူတွေက မီလာပြီး၊ ပစ္စည်းလဲယူ လူလည်းအသတ်ခံလိုက်ရသလိုပါပဲ..
ဒီလိုရှုတာ ဟုတ်လေသလား၊ မဟုတ်လေသလား ဆိုတာ စဉ်းစားနေရင်၊ အဲဒီလို အကျိုးမဲ့တွေ ဖြစ်လာတတ်တဲ့အတွက် ယောဂီဟာ အဲဒီစိတ်ကို ရှုပြီး၊ ပယ်ပြစ်ရမှာပါ။
အကျဉ်းချုပ်ရရင်..
ဓမ္မမိတ်ဆွေတို ့အနေနဲ့ မိမိတို ့ရှုမှတ်ရတဲ့ ကမ္မဋ္ဌာန်း တရားပေါ်မှာသံသရဖြစ်မနေဘဲနဲ ့၊ အာနာပါန( ထွက်လေဝင်လေ )ပဲ ရှုရှု၊ ဝမ်းဗိုက် ( ဖောင်း ပိန် ) ပဲ ရှုရှု ၊ ကောင်းတာ မကောင်းတာ ကို သူများပြောရုံ နဲ ့လက်မခံဘဲ၊ ယုံယုံကြည်ကြည် နဲ ့သာ ကိုယ်တိုင်လက်တွေ အားထုတ်ကြည့်ရင်၊ ကိုယ်တိုင်တွေ ့ပြီး ကိုယ်တိုင်သိနိုင်မှာ ဖြစ်ပါတယ်။
နောက်ဆုံးအသိပေးလိုတာက..
အဲဒီလို အားထုတ်တဲ့အခါ ဓမ္မမိတ်ဆွေတို ့ဖတ်ထားတဲ့ စာထဲမှာ သိထားတဲ့ ရုပ်နာမ် တွေ နဲ ့ပတ်သက်တဲ ့အကြောင်းတွေ ကို လောလောဆယ်မှာ ခဏလောက် မေ့ထားလိုက်ပြီး...
အာနာပါန ပဲ ဖြစ်ဖြစ်၊ ဖောင်းတာပိန်တာပဲ ဖြစ်ဖြစ်.. မိမိ ခန္ဓာမှာ အထင်ရှားဆုံး ဖြစ်နေတာကို အလွယ်ဆုံးဖြစ်အောင် ရှုမှတ်ရင်း နဲ ့အခုပစ္စုပ္ပန်မှာပဲ မိမိတို ့တောင်းတတဲ့ နိဗ္ဗာန်ကို အထင်ရှား မျက်မှောက်မြင်တွေ ့ကြမှာ မလွဲပါ..လို ့အသိပေးရင်း ဤစာစုအား ဓမ္မဒါနပြုလိုက်ပါသည်။

( ခန္ဓာ-၅ပါးတစ်ဦး )
••••••••••••••••••••••••••••••••••
ကိုးကား- ကျေးဇူးရှင် မဟာစည်ဆရာတော်ဘုရားကြီးဟောကြားသော အရိယာဝါသ တရားတော်မှ ကောက်နှုတ်ပါသည်။