မိမိ၌ ရရှိထားသည့်အတိုင်း ကျေနပ်စွာ လက်ခံထားသူအဖို့ ဘာမျှ မလိုတော့သဖြင့် ပြည့်စုံနေပေတော့သည် ။
မည်မျှပင် ကြွယ်ဝပေါများနေစေကာမူ သည်ထက်လိုချင်နေသောသူသည် ဘယ်တော့မှ မပြည့်စုံနိင်တော့ပေ ။
ရောင့်ရဲတင်းတိမ်ခြင်းသည် ပျင်းရိခြင်းမဟုတ်ပါ ။ ဘာမျှမလုပ်တော့ဘဲ အလုပ်ရပ်ထားခြင်းကို မဆိုလိုပါ ။
မိမိရသင့်တာထက် ပိုမို၍လိုချင်တပ်မက်ခြင်း မဖြစ်သည်ကို ဆိုလိုရင်း ဖြစ်ပါသည် ။
လိုချင်တပ်မက်ခြင်းကို " တဏှာ " ဟူ၍ဆိုရဧ။် ။ ယင်း တဏှာ ကြောင့်သာ လူတို့သည် အကုသိုလ်အမှုတို့ကို
ကျူးလွန်ဖောက်ဖျက်နေကြခြင်းဖြစ်သည် ။
ဗုဒ္ဓဝါဒသဘောအရ ဤတဏှာကို ပယ်သတ်နိုင်ပါမှ အဆုံးပန်းတိုင်
နိဗ္ဗာန်သို့ တက်လှမ်းနိုင်မည်ဖြစ်သည် ။
သို့ရာတွင် သံသရာအဆက်ဆက်မှာ မိမိဧ။် ဘဝသံသရာခရီးကို ကြိုးကိုင်
ချယ်လှယ်လာခဲ့သော တဏှာကို လွယ်လွယ်နှင့် ပယ်သတ်နိုင်မည် မဟုတ်ပေ ။ အရှိန်နှေးသွားရန်သာ အစပြု၍
ကြိုးစားအားထုတ်ကြရမည် ဖြစ်သည် ။
ရောင့်ရဲတင်းတိမ်ခြင်း(သို့) အလိုနည်းခြင်းဟူသည်မှာ တဏှာကို ပယ်သတ်ရန် ကနဦး ကျင့်ဆောင်ရမည့် တရား
ဖြစ်ပေသည် ။ ရောင့်ရဲလွယ်ခြင်းတရားကို " သန္တောသ " တရားဟူ၍ ခေါ်ရသည် ။
သန္တောသ တရားတွင် သုံးမျိုးပါဝင်သည် ။
ယင်း သုံးမျိုးမှာ - - -
၁။ ယထာလာဘ သန္တောသ ။
၂။ ယထာဗလ သန္တောသ ။
၃ ။ ယထာသာရုပ္ပ သန္တောသ ။ တို့ဖြစ်သည်။
(၁) ယထာလာဘ သန္တောသ
ယင်း သန္တောသ သည် ရသမျှနှင့် ရောင့်ရဲခြင်း ၊ ကျေနပ်ခြင်းပင်ဖြစ်သည် ။
မိမိဧ။် ရိုးသားစွာ ကြိုးစား၍ ရလာသမျှကို
နည်းသည် များသည် မမှတ်ဘဲ ကျေကျေနပ်နပ် လက်ခံနိုင်ခြင်း ဖြစ်သည် ။
ရလာတာထက် ပိုလိုချင်သည့်တဏှာ ဖြစ်
ခဲ့သော် မတရားမှု အကုသိုလ်ကို ပြုလုပ်ရန် ဝန်မလေးတော့ပေ ။
ရောင့်ရဲခြင်းဆိုသည်မှာ ' ငါ့ဥစ္စာ ၊ ငါ့ပစ္စည်း ' ဟု
မစွဲလမ်းဘဲ လောဘဖြင့် မသိမ်းပိုက်ခြင်းပင်ဖြစ်သည် ။
မိမိဧ။် စည်းစိ်မ်ဥစ္စာ ရုပ်ပိုင်းဆိုင်ရာတန်ဖိုးများ မတိုးပွားစေကာမူ
စိတ်ဓာတ်ကျခြင်း ၊ စိုးရွံ့အားငယ်ခြင်း ၊ မကျေမနပ်ဖြစ်ခြင်းများ အလျှင်းမရှိပေ ။
မိမိဧ။် သိက္ခာ ၊ စေတနာ ၊ လုံ့လအပေါ်၌
အမြဲတမ်းပင် ကျေနပ်နေတတ်ပါသည် ။
စိတ်သည်လည်း အပြည့်အဝ ချမ်းသာမှု ဖြစ်နေပေသည် ။ လုပ်ငန်းတစ်ခုခုတွင်
ဖြစ်စေ ၊ ဥစ္စာရှာဖွေရာတွင်ဖြစ်စေ ၊ မိမိရယူခံစားနိုင်ရန်အတွက် ဦးစားမပေးဘဲ လောကအတွက် ပေးဆပ်ရန် , အကျိုးပြုရန်
ရည်ရွယ်မှုမျိုးဖြင့် ရှာဖွေလုပ်ကိုင်ခြင်းကို ယထာလာဘ သန္တောသ ဟု ဆိုပါသည် ။
(၂) ယထာဗလ သန္တောသ
ယင်း သန္တောသ သည် လိုအပ်သလောက်ဖြင့်သာ ရောင့်ရဲခြင်း ၊ ကျေနပ်ခြင်းဖြစ်သည် ။
မိမိဧ။် ပြည့်ဝသော အရည်အချင်းဖြင့်
ရှာဖွေရရှိသမျှသော ဥစ္စာပစ္စည်းများအနက်မှ ပိုလျှံအောင်မယူဘဲ မိမိအတွက် လိုအပ်သလောက်ဖြင့်သာ တိုင်းဆရယူကျေနပ်ခြင်း
သည် ယထာဗလ သန္တောသ ပင်ဖြစ်သည် ။
အလုပ်များ လုပ်ကိုင်ကြရာ၌ လုပ်သလောက်ရရှိခြင်းမှာ အခါအခွင့် သင့်မှု ၊ လုပ်ရည်
ကိုင်ရည် ကောင်းမွန်မှု ၊ လုပ်နည်းကိုင်နည်း မှန်ကန်မှု ၊ အမှီသဟဲ ကောင်းမွန်မှု စသည့် သမ္ပတ္တိ လေးပါး ပြည့်စုံမှုတို့ကြောင့်ဖြစ်သည်။
လုပ်ကိုင်သလောက် ရရှိသည်ဖြစ်စေ ၊ မရရှိသည်ဖြစ်စေ ရလာသရွေ့အား ကျေနပ်ရောင့်ရဲလျက် မိမိအတွက်လိုအပ်သလောက်သာ
တိုင်းဆယူငင်ပြီး ကျန်သည့် ဥစ္စာပစ္စည်းတို့ကို လိုအပ်သောနေရာတို့၌ အသုံးပြုစေခြင်းသည် မြင့်မြတ်သောသူတို့ဧ။် စိတ်နေသဘောထား
ဖြစ်ပါသည် ။
သူတော်ကောင်းတို့ မြတ်နိုးသော ကျင့်သုံးမှုလည်း မည်ပါသည် ။ ယင်းသို့ မျှဝေသုံးစွဲ ကျင့်ကြံမှုကို ယထာဗလ သန္တောသ ဆိုရသည် ။
(၃) ယထာသာရုပ္ပ သန္တောသ
ယင်း သန္တောသ သည် မိမိဧ။် အဆင့်အတန်း အခြေအနေတို့ကို လေ့လာချိန်ဆ၍ လိုက်လျောညီထွေမှုဖြစ်သော ဥစ္စာ ၊ ပစ္စည်း ၊ ဝတ္ထု
များနှင့်သာ သုံးဆောင်ရောင့်ရဲခြင်း ၊ ကျေနပ်ခြင်းကို ဆိုလိုသည် ။
မိမိဧ။်ဝင်ငွေဖြင့် မျှတလုံလောက်စေရန် ရရှိနိုင်သော အစားအစာ ၊
အဝတ်အထည် ၊ အသုံးအဆောင် ပစ္စည်းများကို ဝယ်ယူသုံးစွဲတတ်မှုပင် ဖြစ်သည် ။
မိမိဧ။် ဝင်ငွေနှင့် မမီသော အရာဝတ္ထု အသုံးအဆောင်
များကို မမှန်းခြင်းလည်း ဖြစ်သည် ။
လူမှုရေး ၊ ကျန်းမာရေး ၊ စသည့် ကိစ္စများတွင်လည်း ထိုနည်းတူ ချင့်ချိန်သုံးစွဲတတ်ခြင်းပင် ဖြစ်သည် ။
ထိုသို့ ကျင့်သုံးရောင့်ရဲနိုင်ခြင်းကို ယထာသာရုပ္ပ သန္တောသ ဟု ခေါ်ဆိုရသည် ။
စင်စစ်သော်ကား ချမ်းသာသုခအတွက် သန္တောသ တရားတို့ကို အမှန်ပင် ကျင့်သုံးအပ်ပါသည် ။
ဤကဲ့သို့ ကြိးစားကျင့်သုံးခြင်းသည်
အမှန်တကယ် တောင့်တအပ်သော ချမ်းသာသုခကို ရှာဖွေခြင်းဖြစ်သည် ။
သန္တောသ တရားများ ရှိသူနှင့် မရှိသူ တို့မှာ အလင်း နှင့်
အမှောင်ကဲ့သို့ ခြားနားမှုမျိုးဖြင့် တဖြောင့်မတ်မတ် ဆန့်ကျင်လျက်ရှိပေသည် ။
သန္တောသ တရားမကျင့်သုံးသူတို့သည် အမှားသံသရာ၌
လည်လျက် နိဗ္ဗာန်ချမ်းသာနှင့် ဝေးသည်ထက် ဝေးသွားပါတော့သည် ။
သန္တောသ တရားကို လက်ကိုင်ထား ကျင့်သုံးသူများသည်
ယခုလက်ရှိ ဘဝတွင်လည်း အမှန်တကယ် စိတ်ချမ်းသာ ပျော်ရွှင်ရလျက် သံသရာမှ မလွတ်မြောက်ရန် ဆွဲငင်ထားသော တဏှာကို
အဆင့်ဆင့် ချိုးနှိမ်ဖြိုဖျက်နိုင်ကာ နိဗ္ဗာန်ချမ်းသာကိုု ရရှိပိုင်ဆိုင်နိုင်မည်မှာ မလွဲဧကန် အမှန်ပင် ဖြစ်ပေတော့သတည်း ။