•••••••••••••••••••••••••••••••••••
မြတ်စွာဘုရားသာသနာတော်ကြီးနဲ့
ကြုံတွေ့ရတဲ့အခါမှာ တရားဓမ္မဟာ မှန်ကန်မှု ရှိရမယ်။
မိမိကိုယ်တိုင်လည်း မှန်ကန်တဲ့အတိုင်း
လေ့လာသိရှိဖို့လိုတယ်။
ထိုသိရှိထားတဲ့အတိုင်း တရားနာပရိသတ်တွေ
မိမိရဲ့ ပတ်ဝန်းကျင် ပုဂ္ဂိုလ်တွေကို ဟောပြောဖို့လိုတယ်။
အဲဒီလိုမဟုတ်ပဲနဲ့ ဘုရားဟောတဲ့တရားကို
မဟောဘူးလို့ ပြောမယ်။
မဟောတာကိုတော့ အဟောလုပ်ပြီးတော့
ပြောမယ်ဆိုလို့ရှိရင် မှန်ကန်ပါ့မလား။ မမှန်ကန်ဘူး။
မမှန်ကန်ရုံတွင် မကဘူး။
မြတ်စွာဘုရားက ဟောထားတာရှိတယ်။

ဘုရားဟောတဲ့တရားကို မဟောဘူးလို့ပြောတာ။
ဘုရားဟောတာကိုတော့ မဟောဘူးလို့ပြောလို့ရှိရင်တဲ့
အဲဒီပုဂ္ဂိုလ်ဟာ လူအများ အကျိုးစီးပွားမဲ့အောင်
ပြုလုပ်ရာရောက်တယ်-လို့ ဒါနံပါတ်(၁)။

နံပါတ်(၂)-က “အဲဒီပုဂ္ဂိုလ်ဟာ အကုသိုလ်တွေ
များစွာဖြစ်ပွားစေတဲ့ပုဂ္ဂိုလ်” ဖြစ်တယ်။
နံပါတ်(၃)-က “မြတ်စွာဘုရားသာသနာတော်ကြီးကို
ကွယ်ပျောက်အောင် လုပ်ရာရောက်တယ်” တဲ့။
အပြစ်အင်မတန်မှ ကြီးတယ် လို့ပြောတာနော်။
တစ်ချို့က သာမန်လေးပဲ အောက်မေ့နေကြတယ်။
မဟုတ်ဘူး။ ဘုရားဟောရဲ့သားနဲ့
မဟောဘူးလို့ပြောလို့ရှိရင် ဒါမှားယွင်းမှုတစ်ခုပဲ။
ဘုရားဟောတာကို မဟောဘူးလို့ မပြောရဘူး။
ဘုရားဟောတာကို မဟောဘူးလို့ မပြောရသလိုပဲ
ဘုရားမဟောတာကိုလည်း ဘုရားဟော
လုပ်ပြီးတော့လည်း မဟောကောင်းဘူး။
ပြောပြီဆိုရင် ဒီပုဂ္ဂိုလ်ဟာ
“အများအကျိုးမဲ့ လုပ်တဲ့ပုဂ္ဂိုလ်တစ်ယောက်။
အကုသိုလ်တွေကို အများကြီးဖြစ်ပွားစေတဲ့ ပုဂ္ဂိုလ်တစ်ယောက်။
သာသနာတော်ကြီး ကွယ်အောင်လုပ်တဲ့ ပုဂ္ဂိုလ် တရားခံ
တစ်ယောက်ဖြစ်နိုင်တယ်” -လို့ “အင်္ဂုတ္တရနိကာယ်” မှာ
မြတ်စွာဘုရားက ဒီလိုဟောထားတာ။

ဒါကြောင့်မို့လို့ ဘုရားမဟောတာကို ဟောတယ်လို့
မပြောမိဖို့၊ ဘုရားမဟောတာ ကိုတော့ အဟောလုပ်ပြီး
မပြောမိဖို့ ၊ ဓမ္မကို အဓမ္မလို့ မပြောမိဖို့၊
အဓမ္မကို ဓမ္မလို့ မပြောမိဖို့ လိုတယ်။
-【စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist's Association】
-【ပါမောက္ခချုပ်ဆရာတော်ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ】