ဝိပဿနာ ဘာဝနာတရားကို အားထုတ်ကြသော ပုဂ္ဂိုလ်တို့သည် များသောအားဖြင့် ရှေးဦးစွာ ဒုက္ခဝေဒနာနှင့် တွေ့ကြရပေသည် ။
ထိုဒုက္ခဝေဒနာတို့သည် ( ၃ ) မျိုး ရှိသည် ။ ယင်းတို့မှာ --
(၁)။ က္ကုရိယာပုထ်ကြောင့် ဖြစ်သော ဒုက္ခဝေဒနာ ။
(၂)။ တရားရှုမှတ်စဉ်မှာ ဖြစ်ပေါ်သော ဒုက္ခဝေဒနာ ။
(၃)။ တရားမရှုမှတ်မီ ရှေ့အဖို့ကတည်းက ရှိခဲ့ကြသည့် ဒုက္ခဝေဒနာ(ရောဂါဝေဒနာ) ဟူ၍ ဖြစ်သည် ။
၁ ။ က္ကုရိယာပုထ်ကြောင့် ဖြစ်သော ဒုက္ခဝေဒနာဟုဆိုရာ၌ -- " ထိုင်ခြင်း " ဟူသော ကိုယ်အမူအရာ(က္ကုရိယာပုထ်) ဖြင့် မပြုမပြင်ဘဲ
ထိုင်နေသဖြင့် နာကျင်ကိုက်ခဲခြင်း ဒုက္ခဝေဒနာများ ဖြစ်ပေါ်လာရပေသည် ။ ကြာကြာထိုင်လေ ပို၍နာကျင်ကိုက်ခဲခြင်း ဖြစ်တတ်ကြသည် ။
တရားမထိုင်ချင်တော့ဘဲ စိတ်ဓာတ်ကျဆင်း သွားတတ်ကြပေသည် ။ ဤကဲ့သို့ မဖြစ်ရလေအောင် က္ကုရိယာပုထ်ကို ပြောင်းလဲ၍ , ပြုပြင်၍
ထိုင်လိုက်လျှင် သက်သာပျောက်ကင်း သွားကြရပေသည် ။ (သတိ , အသိ မလွတ်စေဘဲ ရှုမှတ်နေမှု မပျက်အောင် ဖြေးဖြေးမှန်မှန်
ပြောင်းလဲ ပြုပြင်ရမည်ဖြစ်သည်)
၂ ။ တရားရှုမှတ်စဉ် ဖြစ်ပေါ်လာသော ဒုက္ခဝေဒနာဟု ဆိုရာ၌ -- ဝိပဿနာတရား ရှုမှတ်၍ သမာဓိဥာဏ်များ အသင့်အတင့် ဖြစ်လာသောအခါ
ခန္ဓာကိုယ်ဧ။် ထိုထိုနေရာတို့၌ နာတာ၊ ကျင်တာ၊ ကိုက်ခဲတာ၊ ယားတာ စသော ဒုက္ခဝေဒနာတို့ ဖြစ်ပေါ်လာတတ်ကြပေသည် ။ တတိယအဆင့်
ဥာဏ်စဉ် (သမ္မသန ဥာဏ်) သို့ ရောက်လာသောအခါ ဝေဒနာများ အထူးထင်ရှား လာတတ်သည် ။ ထိုအခါ ခန္ဓကိုယ်ကို အနည်းငယ်လျော့ပြီးနောက်
စိတ်ကိုလည်း အနည်းငယ် လျော့ထားပေးပြီးလျှင် ဖြစ်ပေါ်နေသော ဒုက္ခဝေဒနာပေါ်မှာ စိတ်ကို တည့်တည့်ချ၍ ရှုကြည့်ရသည် ။ ဤအချိန်၌ သည်းခံ၍
ရှုမှတ်ရမည် ဖြစ်သည် ။
စတုတ္တအဆင့် ဥာဏ်စဉ် (ဥဒယဗ္ဗယဥာဏ်) သို့ ရောက်လာသောအခါ ဒုက္ခဝေဒနာတို့သည် ပျောက်၍သွားလိုက် ၊ ပြန်ပေါ်လာလိုက် ဖြစ်နေသည်ကို
တွေ့သိလာရသည် ။ ပေါ်လာတာကို ဖြစ်လာသည်ဟုလည်းကောင်း ၊ ပျောက်သွားတာကို ပျက်သွားသည်ဟုလည်းကောင်း ၊ ထိုကဲ့သို့ အသိဖြစ်ပေါ်
လာသောအခါ ၊ ဖြစ်ခြင်း ပျက်ခြင်း သဘောကို တွေးဆလာပေသည် ။ ဤသို့ ဖြစ်ပျက်တဲ့ သဘောကို တွေ့သိသွားသောအခါ နာတာ၊ ကျင်တာက
အဓိက မဟုတ်တော့ဘဲ ၊ ဖြစ်ပျက်သည့်သဘောကို သိနေတာက အဓိက ဖြစ်သွားပြီး ဒုက္ခဝေဒနာကို လွှမ်းမိုးသွားလေတော့သည် ။ နောင်သောအခါ
သမာဓိတရား သဘောကြောင့် ဖြစ်လာရသော ဒုက္ခဝေဒနာတို့ကို ဝိပဿနာဥာဏ်ဖြင့် အမြဲတစေ ကျော်လွန်နိုင်ကြမည် ဖြစ်ပေသည် ။
၃ ။ တရားမရှုမီ ရှေ့အဖို့ကတည်းက ရှိခဲ့ကြသည့် ဒုက္ခဝေဒနာ(ရောဂါဝေဒနာ) ဟု ဆိုရာ၌ -- ပြင်ပဆေးဆရာတို့ဧ။် ဆေးဖြင့် ကုသ၍ မပျောက်ကင်းခဲ့သော
ရောဂါဝေဒနာများကို သော်လည်းကောင်း ၊ နာတာရှည် ရောဂါဝေဒနာများကို သော်လည်းကောင်း ၊ ရှိနေသူတို့သည် ဝိပဿနာတရား အားထုတ်သောအခါ
ဥာဏ်စဉ်အားလျော်စွာ ရောဂါဝေဒနာများ ထင်ရှားလာတတ်သည် ။
တတိယအဆင့် ဥာဏ်စဉ် (သမ္မသနဥာဏ်) သို့ ရောက်လာသောအခါ အထူးပင် ထင်ရှားလာတော့သည် ၊ ခေါင်းကိုက်တတ်သည့် ပုဂ္ဂိုလ်များမှာ ခေါင်းကြီး
ကွဲထွက်သွားတော့မည် ၊ ဗိုက်အောင့်တတ်သည့် ပုဂ္ဂိုလ်များမှာ ဗိုက်ကြီး ပေါက်ထွက်သွားတော့မည် ၊ အကြောတက်တတ်သည့် ပုဂ္ဂိုလ်များမှာ အကြောတွေ
ပြတ်ထွက်သွားတော့မည် ဟု ထင်ရလောက်အောင် ပြင်းထန်သည့် ဒုက္ခဝေဒနာများ ထင်ရှားဖြစ်ပေါ်လာတတ်သည် ။ ထိုအခါ * အထူးပင် သည်းခံကြရမည်
ဖြစ်သည် * ။ ပင်ကိုက နာကျင်ကိုက်ခဲသည်ထက် ပို၍ နာကျင်ကိုက်ခဲ လာတတ်ခြင်း ဖြစ်သည် ။ တရားသဘောအရ ဖြစ်သည်ကို နားလည်ထားရပေသည် ။
အချို့မှာ တရားအားမထုတ်ခင်က အသင့်အတင့် နေထိုင်ကောင်းပါလျက် ဝိပဿနာတရား အားထုတ်မှ ပို၍ ပြင်းထန်စွာခံစားကြရသောကြောင့်
ရောဂါဝေဒနာရှင်မှာ စိတ်ဓာတ် ကျဆင်းသွားတတ်ကြပေသည် ။
စတုတ္တအဆင့် ဥာဏ်စဉ် (ဥဒယဗ္ဗယဥာဏ်) သို့ ရောက်သောအခါ မပြင်းထန်လှသည့် သာမန်ရောဂါများသည် ဖြစ်ပျက်သဘောတရားနှင့်အတူ အပြီးတိုင်
ပျောက်ကင်းသွားကြရပေသည် ။ ပြင်းထန်လှသည့် ရောဂါဝေဒနာရှင်တို့အဖို့ အနည်းငယ်မျှ သက်သာသယောင် ရှိတတ်လေသည် ။ နောက်ဥာဏ်စဉ်
အဆင့်ဆင့်တွင်လည်း ပေါ်လိုက် ပျောက်လိုက်နှင့်ပင် တောက်လျှောက် (မိမိဧ။် ရောဂါနေရာ၌) ဒုက္ခဝေဒနာတို့ကို အသင့်အတင့် တွေ့နေရတတ်သည် ။
သို့ရာတွင် ဝိပဿနာဥာဏ်တို့ဧ။် အစွမ်းဖြင့် သက်သက်သာသာ ရှုကြည့်နိုင်မည်ဖြစ်သည် ။ စိတ်ဓာတ်မကျဘဲ ဆက်လက်၍ ရှုမှတ်နိုင်ဖို့ အထူးလိုအပ်ပေသည် ။
ဤသို့ ရှုမှတ်နိုင်ပါက ဥာဏ်စဉ် အဆင့် တစ်ဆယ့်တစ် (သခါင်္ရုပေက္ခာဥာဏ်) သို့ ရောက်သွားသောအခါ ပြင်းထန်သည့် ရောဂါဝေဒနာဆိုးကြီးများကို
အပြီးတိုင် ပျောက်ကင်းသွားကြရပေသည် ။
ဤကဲ့သို့ ရောဂါဝေဒနာရှင်တို့သည် ဝိပဿနာဘာဝနာ အားထုတ်ကြရာတွင် - ရောဂါဝေဒနာများ ပျောက်ကင်းသွားရအောင်ဟု ရည်ရွယ်၍ မရှုမှတ်ရပေ ။
ယင်းသို့ ရည်ရွယ်ရှုမှတ်၍ မပျောက်ခဲ့သော် တိုး၍ နာကျင်ကိုက်ခဲမှုများ ဖြစ်လာတတ်ပေသည် ။ ရောဂါဝေဒနာတို့ဧ။် သဘောကို သိရအောင် ဝေဒနာပေါ်သို့
စိတ်ကို တည့်တည့်ထားကာ စူးစိုက်၍ ရှုမှတ်ရပေသည် ။ ဝေဒနာသဘောအမှန်မှာ တိုး၍တိုး၍ နာလာတာ ၊ လျော့၍လျော့၍ သက်သာတာ ၊ တစ်ခြားတစ်နေရာ
သို့ ရွေ့သွားတတ်တာ ၊ စသည်ဖြင့် ငြိမ်သက်ခြင်း မရှိဘဲ ပြောင်းလဲလှုပ်ရှားနေတတ်သည် ၊ ဖြစ်ပျက်ဖောက်ပြန်နေတတ်လေသည် ။ ယင်းသို့ သဘောအမှန်ကို
သိလာခဲ့သည်ရှိသော် ဝေဒနာဧ။် ဖြစ်ပျက်နေသည့် သဘောအမှန်ကို နားလည်လက်ခံကာ စတုတ္တအဆင့် ဥာဏ်စဉ်(ဥဒယဗ္ဗယဥာဏ်) နှင့်အတူ သက်သာစွာ
ရှုကြည့်လာနိုင်ပေလိမ့်မည်။ ထိုအခါ ချမ်းသာအေးငြိမ်းစွာဖြင့် ဆက်လက်ရှုမှတ်သွားနိုင်ပြီး ဥာဏ်စဉ် အဆင့် တစ်ဆယ့်တစ်(သခါင်္ရုပေက္ခာဥာဏ်)သို့ ရောက်သော်
ရောဂါဝေဒနာဆိုးများကို ဆွဲထုတ်ပေးနေသကဲ့သို့ ၊ နှိပ်နယ်ပေးနေသကဲ့သို့ ၊ ခွါချပေးနေသကဲ့သို့ ၊ ဆေးကုပေးနေသကဲ့သို့ တွေ့သိလာကာ အပြီးတိုင် ပျောက်ကင်း
ချမ်းသာရပေသည် ။ ပျောက်ကင်းသွားသော သာဓကများ အများအပြားပင် ရှိခဲ့ကြပေသည် ။
တရားအားထုတ်သူ ပုဂ္ဂိုလ်မှ တရားတော်အပေါ် အမှန်တကယ် ယုံကြည်အားထားပြီး အထူးပင် စိတ်ရှည်သည်းခံကာ ဇွဲ ၊ သတိ ၊ ဝီရိယ ၊ သမာဓိ တို့ဖြင့်
ခိုင်ခိုင်မာမာ ဆောက်တည် ကျင့်ကြံ အားထုတ်နိုင်မည်ဆိုလျှင် ရောဂါလည်းပျောက် ၊ တရားသဘောလည်းပေါက်မြောက် အောင်မြင်နိုင်မည်ဖြစ်ပေသတည်း ။
*** သဒ္ဓမ္မရံသီ ရိပ်သာ ဆရာတော်ကြီး ဟောကြားတော်မူခဲ့သော တရားတော်မှ ***