သတိ ကောင်း လျှင် ဣ နြေ္ဒ ရှင် ခေါ် တွင် သ မုတ် ရ "
မြတ်စွာဘုရားရှင် လက်ထက်တော်မှာ ပိဋကတ် သုံးပုံဆောင်သော ပေါဌိလ မထေရ်ကြီးက
ရဟန္တာ ကိုရင်လေးထံမှာ ကမ္မဌာန်း တောင်းတဲ့အခါ ကိုရင်လေးက, ကမ္မဌာန်းကို ကျဉ်းကျဉ်းပဲပေးပါတယ် ။
" ဆရာတော်ဘုရား ... တောင်ပို့တစ်ခုမှာ အပေါက်(၆)ပေါက်ရှိပါတယ် ။ ဖွတ်တစ်ကောင်ဟာ အပေါက်တစ်ပေါက်ကနေ ဝင်သွားပါတယ် ။
အဲဒီဖွတ်ကို ဖမ်းမိချင်ရင် အပေါက်(၅)ပေါက်ကို ပိတ်ပြီး ကျန်တစ်ပေါက်ကနေ စောင့်ဖမ်းရပါတယ် ၊ ဒါမှဖွတ်ကိုမိမှာပါ ။ ဒီလိုပဲ မျက်စိ, နား,
နှာ, လျှာ, ကိုယ်, နှလုံး, လို့ခေါ်တဲ့ ခန္ဓာရဲ့ အပေါက်(၆)ပေါက်မှာ နှလုံး(မနောဒွါရ) တစ်ပေါက်သာ ဖွင့်ထားပြီး ကျန်ဒွါရ(၅)ပေါက်ကို ထိန်းချုပ်လျက်
စိတ်ကို စောင့်ဖမ်းရပါတယ် " လို့ ပေးလိုက်ပါတယ် ။ စာတတ်ပေတတ် မထေရ်ကြီးဆိုတော့ တစ်ခဏနဲ့ ဥာဏ်ပွင့်သွားပါတယ် ၊ နားလည်သဘော
ပေါက်တဲ့အလျောက် ကမ္မဌာန်းနည်း ရသွားပြီး ရှုမှတ်ပွားများလိုက်တဲ့အခါ ရဟန္တာ ဖြစ်သွားပါတယ် ။
သာမန်လူတို့မှာ အဓိပ္ပာယ်ကောက် လွဲနိုင်ပါတယ် ။ မျက်စိနဲ့ နားကို ပိတ်ထားလို့ ရပေမယ့်၊ နှာခေါင်းကိုပိတ်ရင် အသက်ရှူကြပ်ပြီး ဒုက္ခရောက်မှာပေါ့၊
စားတဲ့အခါ လျှာကိုလဲ ဘယ်ပိတ်လို့ရမှာလဲ၊ အရသာတွေ သိနေမှာပဲ၊ ကိုယ်ကိုလဲ ပိတ်ထားလို့ မဖြစ်နိုင်ဘူး၊ အေးတာပူတာ အကုန်သိနေတာပဲ၊ လို့
အဓိပ္ပာယ်ကောက်လွဲတတ်ပါတယ် ။ အမှန်ဆိုလိုရင်းကို နားလည်ဖို့ လိုပါလိမ့်မယ် ။
တကယ်ဆိုလိုတာက - စက္ခုနြေ္ဒ အစရှိတဲ့ ဣနြေ္ဒ ငါးပါးကို အထူးစောင့်စည်းဖို့ ပြောတာပါ ၊ " ဣနြေ္ဒ " ရဲ့ အဓိပ္ပာယ်က ` အစိုးရခြင်း ´ ဖြစ်တယ် ။
" မျက်စိ, နား, နှာ, လျှာ, ကိုယ် " ဖြစ်တဲ့ ဒွါရ (၅) ပါးကို အစိုးရအောင် ထိန်းချုပ်ရမှာ ကို ဆိုလိုတာပါ ၊ မျက်စိခေါ်တဲ့ စက္ခုနြေ္ဒ နဲ့ မိန်းမ, ယောက်ျားရဲ့
ပုံဟန်ကို မြင်တဲ့အခါ မစောင့်စည်းတဲ့လူမှာ ဘယ်သူဘယ်ဝါလဲလို့ စူးစမ်းတယ် ၊ လှတယ်, မလှဘူးလို့လဲ ဆင်ခြင်သုံးသပ်တယ် ၊ ပြုံးဟန်, ရယ်ဟန်,
သွားဟန်, လာဟန်, အမူအရာတွေကိုလဲ လိုက်ပြီးကြည့်တယ် ၊ အသေးစိပ် လေ့လာပြီးတော့ နှစ်သက်တဲ့အခါ တဏှာ ကိလေသာ ဖြစ်တော့တာပဲ ။
မိမိ မနှစ်သက်တဲ့ သူကို ဆိုရင် ဒေါသ ကိလေသာ ဖြစ်လာတော့တယ် ။ မော်တော်ကား, အဝတ်အထည်, အသုံးအဆောင်တွေကိုလဲ မျက်စိမစောင့်စည်း
တဲ့သူဆိုရင် မြင်တိုင်းမြင်တိုင်း လောဘ, ဒေါသ ကိလေသာတွေ အမြဲဖြစ်နေပါတော့တယ် ။
ထို့အတူပဲ ကြားရာ, နံရာ, စားရာ, ထိတွေ့ရာ မှာလဲ ဣနြေ္ဒ မစောင့်စည်းတဲ့သူဆိုရင် ကိလေသာတွေ ထပ်တလဲလဲ ဖြစ်နေပါတော့တယ် ။ အဲဒီ ကိလေသာ
တွေက နှလုံးဖြစ်တဲ့ မနောဒွါရမှာ ထင်ဟတ်လာရင် မနောဒွါရမှာ ဖြစ်လာတဲ့ စိတ် ဟာ မဖြူစင်တော့ဘဲ ညစ်ထေးနေပြီး အကုသိုလ်တွေ ပွားစေပါတော့တယ် ။
ဒါကြောင့် မြင်ရတဲ့ အဆင်းအာရုံကို မနောဒွါရဆီ မရောက်အောင် မျက်စိမှာပဲ မြင်ရုံမျှသာ မြင်အောင် မျက်စိ ဣနြေ္ဒကို သတိနဲ့ စောင့်စည်းထိန်းချုပ်ရမှာပါ ။
မနောဒွါရမှာ သတိနဲ့ယှဉ်တွဲတဲ့ စိတ်ကို ဖြစ်နေစေခဲ့ရင် စိတ်ဟာ ရှုမှတ်နေတဲ့စိတ် , ဣနြေ္ဒရှင်ရဲ့ စိတ် ဖြစ်နေပြီး၊ မျက်စိမှာ မည်သည့် အဆင်းအာရုံ မြင်လာပါစေ
ယောက်ျားရယ်, မိန်းမရယ် ၊ ချောတယ်, လှတယ် ၊ နှစ်သက်တယ်, မုန်းတီးတယ် ဆိုတဲ့ နောက်ဆက်တွဲ စူးစမ်းသုံးသပ်မှုတွေ မဖြစ်လာတော့ဘဲ မြင်လာသမျှ
အဆင်းတွေကို အဆင်းအာရုံ အဖြစ်နဲ့ မြင်သည်ဆိုရုံမျှသာ မြင်ပါတော့တယ် ။ မြင်လာတဲ့ အဆင်းအမျိုးမျိုးအတွက် စိတ်လှုပ်ရှားမှု၊ တုန်လှုပ်မှု မဖြစ်တော့ဘဲ
စိတ်တည်ငြိမ်နေသလို ကိုယ်ခန္ဓာကလည်းတည်ငြိမ်နေပြီး ကိုယ်အမူအရာတွေဟာ လေးစားကြည်ညိုဖွယ်နဲ့ ဣနြေ္ဒရှင် ဖြစ်လာပါတော့တယ် ။ သဘောကတော့
မျက်စိရှေ့မှာ မည်သည့်အဆင်းရောက်လာပါစေ တကူးတက လိုက်မကြည့်မိစေဘဲ မျက်စိမှာထင်လာတဲ့အဆင်းကို အဆင်းအာရုံ အဖြစ်နဲ့ဘဲ ရပ်ထားရမှာပါ ။
ဒီလိုပါပဲ - ကြားတဲ့အခါ အသံကို ကြားသည်ဆိုရုံမျှ ၊ နံတဲ့အခါ အနံ့ကို နံသည်ဆိုရုံမျှ ၊ စားတဲ့အခါ အရသာကို သိသည်ဆိုရုံမျှ ၊ ထိသည့်အခါ အတွေ့ကို ထိသိသည်
ဆိုရုံမျှ ထက် မပိုစေဘဲ ၊ မနောဒွါရကနေ သတိဖြင့် စောင့်စည်း ထိန်းချုပ် နေရမှာ ဖြစ်တယ် ။ အဲဒီအဆင့်ထက် ကျော်မသွားစေရပါဘူး ၊ မစဉ်းစားရပါဘူး ။
ယင်းအခြေအနေကို ကြာရှည် ရှုမှတ် ထိန်းသိမ်း စောင့်စည်း ထားနိုင်ခဲ့ရင် လောဘ, ဒေါသ စတဲ့ ကိလေသာတွေ လုံးဝ မဖြစ်ဘဲလဲ ကြုံနိုင်တယ် ၊ ဖြစ်တောင်မှ
မပြင်းထန်တော့ဘဲ ပြေလွယ်ပျောက်လွယ်နဲ့ သက်သာခွင့် ရစေပါတယ် ။ အဲဒီလို ' ဣနြေ္ဒ ' စောင့်စည်းရာမှာ ' သတိ ' ဟာ သိတ်အရေးပါတယ် ၊ ဣနြေ္ဒစောင့်စည်း
နိုင်ဖို့ သတိသည်သာ ပဓာန ဖြစ်တယ် ။
ိ
သတိတစ်ခုနဲ့ပဲ ဒွါရ(၅)ပေါက်လုံးကို လိုက်လံ စောင့်စည်းနေရမှာပါ ။ မျက်စိရှိပေမယ့် မမြင်ချင်ယောင် ဆောင်ပါ ၊ နားရှိပေမယ့် နားပင်းနေသလို သဘောထားပါ ၊
ကြည့်စရာ , ကြားစရာ တွေကို လိုက်ကြည့်မနေနဲ့ ၊ နားထောင်မနေနဲ့ ၊ စကားမပြောတတ်တဲ့ အ, အလိုပဲ နေပါ ၊ ကိုယ်က အင်အားရှိပြီး ကျန်းမာနေသူ ဖြစ်ပေမယ့်
လူမမာလို , အားနည်းနေတဲ့သူလို ဖြေးဖြေးသာသာလေး သွားလာနေထိုင် လှုပ်ရှားပါ ၊ ဒီလိုဆိုရင် ဣနြေ္ဒ စောင့်စည်းမှုကို ပိုပြီး အထောက်အကူ ဖြစ်စေပါတယ် ။
မခံသာတဲ့ ဝေဒနာတွေ ပေါ်လာရင်လဲ လူသေလို သဘောထားပါ ၊ သေသူဟာ ဒွါရငါးပါးမှာရှိတဲ့ အကြည်ဓာတ်(ပသာဒ) တွေ ပျက်သွားလို့ ၊ အသက်ဝိညာဉ်ကလဲ
မရှိတော့ ဘာကိုင်ကိုင် ဘာလုပ်လုပ် ဘာမှမသိတော့ဘူး ၊ အခုလဲ မခံသာတဲ့ဝေဒနာပေါ်လာရင် မိမိခန္ဓာကိုယ်ကို ဘာမှတန်ဖိုးမရှိတဲ့ လူသေလို သဘောထားပြီး ၊
ဝေဒနာရဲ့ သဘောတွေကို သေသေချာချာ သိရအောင် သည်းခံပြီး ရှုမှတ် ပွားများ နေရမှာဖြစ်တယ် ။
ဒီလိုနဲ့ စိတ်မှာ ကိလေသာတွေ ဖြစ်ခွင့်မပေးဘဲ ဣနြေ္ဒတွေ စောင့်စည်းတာကြာလာရင် သတိ ၊ သမာဓိ တွေ အားကောင်းလာတဲ့အခါ အဆင်းအာရုံ ၊ အသံအာရုံ ၊
အနံ့ ၊ အရသာ ၊ အတွေ့အာရုံ တွေရယ်လို့ ခွဲခြားသိမှတ်မနေတော့ဘဲ အာရုံကို အာရုံတစ်ခုတည်း အဖြစ်နဲ့ အမှန်အတိုင်း တွေ့သိလာတယ် ၊ အမှန်အတိုင်း
သိမြင်လာရင် ၊ ပုဂ္ဂိုလ် ၊ သတ္တဝါ ၊ အိမ် ၊ ကား ၊ ပစ္စည်း ဥစ္စာ ရယ်လို့ လွဲမှားတဲ့ အမြင်တွေ ကင်းသွားတယ် ။ အဲဒီအခါ စိတ်ဟာ အနားရသွားတယ် ၊ တည်ငြိမ်သွားတယ် ။
အဲဒီလိုနဲ့ဆက်ပြီးအားထုတ်နေလို့ သတိ၊ သမာဓိတွေ အရှိန်ရ, အားပြည့်လာရင် အာရုံတွေဟာ အမြဲတည်တံ့မနေဘဲ ပေါ်ပြီးတော့ ပျောက်သွား ၊ ဖြစ်ပြီးတော့ ပျက်သွားတယ် ဆိုတဲ့
ဝိပဿနာဥာဏ် ဖြစ်လာတယ် ။ အဲဒီအခါ စိတ်ကြီးဝင်တဲ့ " မာန " တွေ ကင်းသွားတယ် ။ ဖြစ်ပျက်ခြင်းဟာ ဆင်းရဲနေရတာပဲလို့ သိတဲ့အတွက် သာယာမက်မောမှု" တဏှာ " တွေ
ကင်းသွားတယ် ။ စိတ်တည်ငြိမ်သွားတာနဲ့အမျှ ၊ သူသဘောသူဆောင်ကာ၊ သူဖြစ်ချင်သလို ဖြစ်နေတာ သိလာပြီး အယူစွဲ ၊ ငါစွဲ " ဒိဌိ " တွေ ကင်းသွားတယ် ။ အဲဒီလို တဏှာစွဲ ၊
မာနစွဲ ၊ ဒိဌိစွဲ တွေ ကင်းသွားပြီဆိုရင် စိတ်ဟာ ပျော့ပျောင်းလာပြီး ထူးထူးခြားခြား နူးညံ့လာတယ် ၊ သည့်နောက်တော့အဖြစ်အပျက်တွေကို ခပ်သွက်သွက် ခပ်စိပ်စိပ် မြင်လာကာ
စိတ်ဟာ သိမ်မွေ့မှု အထွတ်အထိပ် ရောက်လာပါတော့တယ် ။
ဒီနည်းနဲ့ပဲ အဆင့်ဆင့်တက်ပြီး နောက်ဆုံး ဖြစ်ပျက် မစပ် အငြိမ်းဓာတ် တွေ့သွားပြီဆိုရင် ၊ စိတ်မှာ ကိလေသာတွေ ကင်းနိုင်သမျှ ကင်းသွားကာ လွန်ကဲတဲ့ ချမ်းသာကို
ရရှိခံစားနိုင်တော့မှာ ဖြစ်တယ် ။
ပေါဌိလ မထေရ်ကြီးဟာ ယင်းကဲ့သို့ တရားသဘောတွေကို နားလည်ပြီး မနောဒွါရမှာ ဖြစ်တည်လာတဲ့စိတ်ကို သတိနဲ့ ယှဉ်ကာ ၊ စက္ခုနြေ္ဒ အစရှိတဲ့ ဣနြေ္ဒ ငါးပါးကို
စောင့်စည်းထိန်းချုပ်လိုက်တဲ့အခါ ကြီးကျယ် , ကျယ်ပြန့်တဲ့ ဥာဏ်အထုအထည်ကြီး ဖြစ်သွားပြီး ရဟန္တာ အထိ ဖြစ်သွားတော့တာပါပဲ ။
ဒါကြောင့် တရားအားထုတ်လိုသော် ပုဂ္ဂိုလ်တို့သည်လည်း အရေးကြီးဆုံး " သတိ " ကို စိတ်မှာ ယှဉ်တွဲလျက် ဒွါရငါးပေါက်မှာ ဖြစ်ပေါ် ဝင်ရောက်လာသမျှ အာရုံတွေကို
စောင့်စည်း ထိန်းချုပ် နိုင်မယ်ဆိုရင် ကြီးကျယ်သော " ဣနြေ္ဒရှင် " များဖြစ်နိုင်ပါကြောင်း