" " သက္ကာယဒိဋ္ဌိ = ဤခန္ဓာကြီးကို ငါဖြစ်သည် ၊ ငါ့ကိုယ် , ငါ့ဥစ္စာ , ငါပိုင် ဖြစ်သည် ၊ ငါ့ဧ။်အလိုသို့လိုက်သည် ဟု အယူမှားခြင်း " "
´´´´´´´´´´´´´´´´´´´´´´´´´´´´´´´´´´´´´´´´´´´´´´´´´´´´´´´´´´´´´´´´´´´´´´´´´´´´´´´´´´´´´´´´´´´´´´´´´´´´´´´´´´´´´´´´´´´´´´´´´´´´´´´´´´´´´
အခါတစ်ပါး၌ ဗြဟ္မာကြီးသည် ဘုရားရှင်အား လူ့ပြည်၌ အသက်တိုဧ။် ၊ အဆင်းအိုဧ။် ၊ အနာပေါဧ။် ၊ ဘေးများဧ။် ၊ အမျိုးမျိုးသော ဒုက္ခအပေါင်း ခြံရံလျက်ရှိဧ။် ။
ထို့ကြောင့် အသက်ရှည်ရန်၊ ဘေးကင်းရန်၊ အဆင်းလှရန်၊ ကာမရာဂ ကို အရေးတကြီး ပယ်သတ်ရန်လိုပါသည် ဟု လျှောက်ထားပါတယ် ။
( ဗြဟ္မာ့ပြည်တွင် ကာမရာဂ လုံးဝမရှိရကား ၊ ဗြဟ္မာတို့သည် အနာရောဂါကင်းလျက် သက်တမ်းအလွန်ရှည်ကြလေသည် )။
ဒီတော့ ဘုရားရှင်က ကာမရာဂ စွန့်ရုံ ၊ ကာမရာဂ ကင်းကွာရုံ မျှနှင့် ဒုက္ခအပေါင်းတို့မှ ထာဝရ မငြိမ်းအေးနိုင်သေး ၊ ထို့ကြောင့် ကာမရာဂ လောက်သာ မဟုတ်မူ၍
ငါ့ဥစ္စာ , ငါ့ကိုယ် , ငါဖြစ်သည် ဟု အထင်မှားနေသော ` သက္ကာယဒိဋ္ဌိ ´ ကို ပြုတ်အောင် ကွာအောင် နေ့မနေ ညမအား အစဉ်သဖြင့် ပွားများအားထုတ်ရမည်ဟုမိန့်လေသည် ။
" လှံဖြင့် ရင်ဝကို ထိုးစိုက်ခြင်းခံနေရသောသူသည် အခြားကိစ္စ အဝဝကို မလုပ်မူ၍ ထိုလှံကို အရေးတကြီး ဆွဲနှုတ်ဘိသကဲ့သို့ လည်းကောင်း ၊ ဦးခေါင်းတစ်ခုလုံးကို မီးဟုန်းဟုန်း
စွဲလောင်နေခြင်း ခံနေရသောသူသည် အခြားကိစ္စ အဝဝကို မလုပ်သေးဘဲ ဦးခေါင်းက မီးတောက်ကို အရေးတကြီး ငြိမ်းဘိသကဲ့သို့လည်းကောင်း ၊ သံသရာဘေးပေါင်းများစွာကို
ကြောက်ရွံ့ကာ မျှော်တွေးသောသူသည် မမေ့မလျော့သော သတိရှိသည်ဖြစ်၍ သက္ကာယဒိဋ္ဌိကို ပယ်ခြင်းငှာ သမထ, ဝိပဿနာ ဘာဝနာ ပွားများခြင်းကို ခန္ဓာအသက် မငဲ့ကွက်ပဲ
ရက်ရက်ရောရော အားထုတ်ရာသတည်း " ဟူ၍ ဘုရားရှင်က ဗြဟ္မာကြီးဧ။် လျှောက်ထားချက်ကို ပြင်ဆင် ဟောကြားတော်မူလေသည် ။
အထက်ပါ ဘုရားရှင်ဧ။် ဟောကြားချက်သည် ဗုဒ္ဓဘာသာဝင် သူတော်စင်တို့အတွက် အရေးကြီးဆုံးထက် အရေးကြီးသော လုပ်ဆောင်ရန် တာဝန်ကြီးကို ပြဆိုခြင်းပင် ဖြစ်သည် ။
အဘယ်ကြောင့်ဆိုသော် သေခြင်း သဘောတရားသည် အလွန်လျင်မြန်ခြင်းကြောင့် ဖြစ်သည် ။ ရှိရှိသမျှသော အကုသိုလ်ကံများ ၊ ကိလေသာ အပူမီးများသည် `သက္ကာယဒိဋ္ဌိ´ မှ
ပေါက်ဖွား ဖြစ်တည် လာကြရဧ။် ။ ထို့ကြောင့် သက္ကာယဒိဋ္ဌိ ဟူသော ငါစွဲရှိနေသမျှ ယခုဘဝ၌လည်း ငြိမ်းအေးမှုကိုမရနိုင်သလို နောင်သံသရာ အဆက်ဆက်၌လည်း ကိလေသာ
အပူမီးတို့ဧ။် လောင်မြိုက်ခြင်းကိုခံရကာ အိုရခြင်း ၊ နာရခြင်း ၊ သေရခြင်း ၊ ပဋိသန္ဓေနေရခြင်း ၊ စိုးရိမ်ပူဆွေး ငိုကြွေးမြည်တမ်းနေရခြင်း စသော ဆင်းရဲဒုက္ခ အပေါင်းမှ မလွတ်ကင်း
မကျော်လွှားနိုင်ဘဲ ဝဋ်ဘဝသံသရာတွင် ကျင်လည်ပြေးလွှားနေကြရပေတော့မည် ဖြစ်သည် ။
ဗုဒ္ဓဘာသာဝင်ဟု အခေါ်ခံရပါလျက် ဗုဒ္ဓဘုရားရှင်ဧ။် လိုရင်းတရားတော်မြတ်ကို ပစ်ပယ်ထားမည်ဆိုပါက သင့်တော်ပါမည်လား ဆိုသည်ကို စဉ်းစားဖွယ်ပင်ဖြစ်သည် ။ ယခုအခါ၌
များစွာသော ဗုဒ္ဒဘာသာဝင်တို့သည် ဘုရား , ကျောင်းကန်များသို့ သွားရောက်ခြင်း ၊ ဒါနပြု , သီလဆောက်တည်ခြင်း ၊ ဝေယျာဝစ္စအမှု ပြုကြခြင်း ၊ ရေတွင်း ရေကန် , သိမ် ဇရပ်
ဆောက်လုပ်လှူဒါန်းခြင်း တို့ဖြင့်သာ လမ်းဆုံးလျက်ရှိကြလေသည် ။ ဘုရားရှင် များစွာ အလိုရှိတော်မူသော ဝိပဿနာဘာဝနာ (သက္ကာယဒိဋ္ဌိ ပယ်သတ်ခြင်း) ပွားများခြင်းကိုမူ
ကျင့်ကြံ ကြိုးကုတ် အားထုတ်သူ လွန်စွာ နည်းပါးလျက် ရှိပါသည် ။
ဤ ' သက္ကာယဒိဋ္ဌိ ' အယူမှား အစွဲကြောင့် မရေမတွက်နိုင်သော ဘဝများမှစ၍ ယခုဘဝတိုင် ဆင်းရဲဒုက္ခအမျိုးမျိုးကို ခံစားခဲ့ကြရလေပြီ ။ ဤကဲ့သို့သာ ဆက်လက်၍ အသိ ၊ အကြား ၊
အမြင် ၊ အမှတ်မှားနေဦးမည်ဆိုပါလျှင် နောင်သံသရာ အဆက်ဆက် ဝဋ်ဆင်းရဲ ဒုက္ခအပေါင်းမှ မလွတ်မြောက်နိုင်မည်သာဖြစ်ပေသည် ။ ထိုသို့ဆိုပါက ဗုဒ္ဒဘာသာဝင်ဖြစ်လာရကျိုး
မနပ်နိုင်တော့ပေ ။ ဗုဒ္ဒဘုရားရှင် ပွင့်တော်မူခြင်းနှင့် မိမိသည် မသက်ဆိုင်သကဲ့သို့ ဖြစ်ရပေတော့မည် ။ အလွန့် အလွန် ကံကောင်းထောက်မ၍သာ ဤဘုရားသာသနာမှာ လူဖြစ်ရပြီး
တရားစစ် တရားမှန်တို့ဖြင့် တွေ့ထိခွင့် ရရှိနေရခြင်းဖြစ်သည်ကို သတိသံဝေဂ ဖြင့် ဆင်ခြင်စဉ်းစား ချင့်ချိန် ဝေဖန် သင့်လှပေသည် ။
ထို့ကြောင့် မိမိအသက် မည်မျှ နေရဦးမည်ကို မသိနိုင်ရကား အချိန်မကုန်မီ ယခုယနေ့ ဤအချိန်မှစ၍ သက္ကာယဒိဋ္ဌိပယ်ပျောက်ရန် ( ဝါ ) ဤကိုယ်ကြီး (တစ်နည်း) ခန္ဓာငါးပါးကို
တင့်တယ်သည်(သုဘ) ၊ မြဲသည်(နိစ္စ) ၊ ချမ်းသာသည်(သုခ) ၊ အစိုးရ အလိုလိုက်သည်(အတ္တ) ဟု ထင်မှားမြင်မှားဖြစ်နေခြင်းကို ၊ ဤကိုယ်ကြီးဧ။် မတင့်တယ်ခြင်း (အသုဘ) ၊
မမြဲခြင်း (အနိစ္စ) ၊ ဆင်းရဲခြင်း (ဒုက္ခ) ၊ အစိုးမရ မပိုင်ဆိုင်ခြင်း (အနတ္တ) ဖြစ်သည်ဟု မိမိဥာဏ်မျက်စိတွင် ထင်မြင်ရောက်ရှိလာစေရန် ဝိပဿနာ ဘာဝနာတရားကို အစွမ်းကုန်
ကြိုးစားအားထုတ်သင့်လှပေသည် ။ ဝဋ်မှ လွတ်မြောက်ရန် ရည်ရွယ်ချက်မရှိဘဲ ပြုသမျှကုသိုလ်ကောင်းမှု ဟူသမျှသည် ဆင်းရဲအပေါင်းမှ မလွတ်မြောက်နိုင်သည် ဖြစ်သည့်အတွက်
ဝိပဿနာ ဘာဝနာကို သံသရာဝဋ်ဆင်းရဲအပေါင်းမှ အမှန်တကယ် လွတ်မြောက်လိုသော ဆန္ဒဖြင့် လေ့လာကျင့်ကြံ ပွားများအားထုတ် သင့်လှပေတော့ သတည်း ။ ။